Local News

ပခုက္ကူကုန်စည်ဒိုင်၏ စျေးနှုန်းစျေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ပဲမျိုးစုံ၊ ပြောင်းအစရှိသည့် သီးနှံများဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကုန်စည်ဒိုင်သို့ အများဆုံးဝင်ရောက်  အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားများမှာ နှမ်းနက်(စမုံ)၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲလွန်း၊ ပဲပုတ်၊ ပဲယင်း၊ စီပီပြောင်း၊ နေလဲစေ့နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ အများဆုံးဝင် ရောက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှတဆင့် ရန်ကုန်နှင့် မန္တလေးတို့သို့ တင်ပို့ရောင်းချကြပါသည်။

ပဲစဉ်းငုံတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၂၆၄၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၁၂၃၄၀၀) စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၃၀၀၀)၊ ကုလားပဲတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၈၈၅၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၈၇၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ် (၁၅၀၀)၊  မတ်ပဲတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၀၅၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၉၈၃၀၀) စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၆၇၀၀)၊ ပဲလွန်းတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၇၅၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၆၇၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင်ကျပ် (၈၀၀၀)၊ ပဲယင်း(နီ)တစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၇၃၈၀၀)၊ ယခုတစ်ပတ်တွင် ကျပ် (၆၇၄၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၆၄၀၀)၊ ပဲယင်း(ဝါ)တစ်တင်းလျှင် ယခင် တစ်ပတ်တွင် ကျပ်(၅၆၅၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၄၉၀၀၀)စျေးဖြစ်သည့်အတွက် တစ်တင်း လျှင်ကျပ်(၇၅၀၀)၊ ပဲပုတ်တစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၆၁၀၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၅၃၅၀၀)စျေးဖြစ်သည့်အတွက် တစ်တင်းလျှင် ကျပ်(၇၅၀၀)တို့ဖြင့် အသီးသီးစျေးကျဆင်းခဲ့ ပါသည်။

စီပီပြောင်းတစ်တင်းလျှင် ယခင်တစ်ပတ်တွင် ကျပ်(၁၉၂၀၀)၊ ယခုတစ်ပတ်တွင် ကျပ် (၁၆၄၀၀)စျေးဖြစ်သည့်အတွက် ကျပ်(၂၈၀၀)၊ နေလဲစေ့တစ်ပိသာလျှင် ယခင်တစ်ပတ်တွင် ကျပ်(၈၂၀၀)၊ ယခုတစ်ပတ်တွင် ကျပ်(၇၅၀၀)စျေးသာရှိသည့်အတွက် ကျပ်(၇၀၀)ကျဆင်းလာ သည်။ ကြက်သွန်ဖြူစျေးမှာ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင်လည်း ကျပ်(၁၅၀၀၀)စျေးဖြင့် စျေးငြိမ်လျှက်ရှိပြီး ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ်တွင် တစ်ပိသာလျှင် ကျပ်(၂၀၀၀)သာရှိသော် လည်း ယခုတစ်ပတ်တွင် တစ်ပိသာလျှင် ကျပ်(၂၂၀၀)ထိ အနည်းငယ်မြင့်တက်လာကြောင်း ပခုက္ကူ ကုန်စည်ဒိုင်စျေးနှုန်းများအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News