Local News

ပဲကြီးစျေးအနည်းငယ်ပြန်တက်

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ပဲကြီးသီးနှံကို အဓိကအနေဖြင့် စိုက်ပျိုးကြပြီး ပြည်တွင်းစားသုံးမှု များသည့် သီးနှံဖြစ်သည့်အပြင် ပြည်ပစျေးကွက်အတွက်ပါ တင်ပို့နိုင်ရန် စိုက်ပျိုးကြပါသည်။ ပဲကြီး သီးနှံကို ပြည်တွင်းပဲကြော်လုပ်ငန်းရှင်များနှင့် လှောင်လက်များမှ ဝယ်လိုအားရှိနေ၍ စျေးအနည်း ငယ်ပြန်တက်လာပါသည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် စျေးအနည်းငယ်ကျဆင်းနေသော်လည်း ယခု ဖေဖေါ်ဝါရီလတွင် စျေးအနည်းငယ်ပြန်တက်လာပါသည်။

ပြည်တွင်းစားသုံးမှုအခိုင်အမာရှိသည့် ပဲကြီးသီးနှံသည် ထွက်ပေါ်စ၌ ပဲကြီးတစ်တင်းလျှင် ကျပ်(၁၃၀၀၀၀)စျေးအထိ ရရှိခဲ့ကာ လှိုင်လှိုင်ပေါ်ချိန်တွင် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၁၅၀၀၀)စျေး အထိကျဆင်းလာပြီး ယခုအချိန်၌ ပြည်တွင်းဝယ်လိုအားကြောင့် ပဲကြီးတစ်တင်းလျှင် ကျပ်(၁၂၄၅၀၀) စျေးအထိ ပြန်လည်မြင့်တက်လာကြောင်း ကုန်စည်ဒိုင်စျေးနှုန်းသတင်းများအရ သိရှိရပါသည်။

မြန်မကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News