Local News

မန္တလေးကုန်စည်ဒိုင်တွင် ပို့ကုန်ပဲများ နယ်စုံမှ အဝင်များ၍ ဝယ်လိုအားနည်းနေသောကြောင့် ဈေးအေးနေ

Last Updated:

ဖေဖော်ဝါရီလ နောက်ဆုံးပတ်မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ပို့ကုန်ပဲများအရောင်းအဝယ်အေး၊ ဈေးအေးနေကြောင်း၊ ပဲအသစ်များလှိုင်လှိုင်ပေါ်ချိန် ဖြစ်၍ နယ်စုံမှဝင်ရောက်နေပြီး၊ ပြည်ပဝယ်လက်များမှ ဝယ်လိုအားနည်းနေသောကြောင့် အရောင်းအဝယ်အေး၊ ဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

ပဲစင်းငုံ(နီ)  ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၃၄၈၀၀၀ မှ ၃၅၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၁၀၀၀ မှ ၃၇၂၀၀၀၊ ယခင်လ ကျပ် ၃၆၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၂၀၀၀ မှ ၂၃၀၀၀၊ ယခင်လထက် ကျပ် ၁၂၀၀၀ ၁၄၀၀၀ နိမ့်ကျလာသည်။

မတ်ပဲ ၆၀ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၇၀၀၀၀၊ ယခင် တစ်ပတ် ကျပ် ၂၈၀၀၀၀ မှ ၂၉၀၀၀၀၊ ယခင်လ ကျပ် ၂၇၀၀၀၀ မှ ၂၉၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက်ကျပ် ၂၈၀၀၀ နိမ့်ကျလာသည်။

ပဲတီစိမ်း(အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၅၅၀၀၀ မှ ၁၈၅၀၀၀၊ ယခင်လ ကျပ် ၁၆၀၀၀၀ မှ ၂၀၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မှ ၁၅၀၀၀ နိမ့်ကျလာသည်။၊

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News