ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ မြင်းမူ၊ အောင်လံဒေသမှ မြေပဲဆံများ ဝင်ရောက်နေပြီး ဈေးအေးနေကြောင်းသိရသည်။ မြေပဲလုံးဆံများကို တရုတ်ဝယ်လက်မှ ဝယ်ယူမှုအေးခြင်းကြောင့် မြေပဲဆံတစ်ပိဿာလျှင် ကျပ် ၁၀၀ မှ ၄၀၀ ထိ နိမ့်ကျလာပြီး၊ ဆီဆံကို ဆီစက်သမားများမှ ဝယ်ယူမှုအေးနေသောကြောင့် S1 ဆီဆံ တစ်ပိဿာလျှင် ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၇၀၀ ထိ နိမ့်ကျလာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။
မြေပဲလုံးဆံ (နီ) တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၈၀၀ မှ ၈၃၀၀၊ ယခင်တစ်ပတ်ကျပ် ၈၀၀၀ မှ ၈၇၀၀၊ ယခင်လကျပ် ၈၂၀၀ မှ ၈၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ ယခင်လထက် ကျပ် ၂၀၀ မှ ၄၀၀ နိမ့်ကျလာသည်။
မြေပဲလုံးဆံ (ဖြူ) တစ်ပိဿာ ဈေးနှုန်းများမှာ ယခု တစ်ပတ် ကျပ် ၇၂၀၀ မှ ၇၄၀၀၊ ယခင်တစ်ပတ်ကျပ် ၇၂၀၀ မှ ၇၆၀၀၊ ယခင်လကျပ် ၇၂၀၀ မှ ၇၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀၀၊ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။
S1 ဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၆၈၀၀ မှ ၇၆၀၀၊ ယခင်တစ်ပတ်ကျပ် ၇၅၀၀ မှ ၇၈၀၀၊ ယခင်လကျပ် ၆၄၀၀ မှ ၆၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀ မှ ၇၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၄၀၀ မှ ၁၁၀၀ မြင့်တက်လာသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး