Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကံပိုင်တည် နယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ သီဟိုဠ်စေ့၊ မြေပဲဆံ၊ ကြက်သွန်နီ၊ ကြံ၊ သခွားမွှေး၊ ငရုတ်သီး၊ ဖရုံသီး၊ ဖရဲသီးနှင့် ဆန်များတင်ပို့ခဲ့ပြီး ပို့ကုန်၏ စုစုပေါင်းငွေ ပမာဏမှာ ၁၁၆၇၀၅၉၀၆၄၀ ကန်ဒေါ်လာ တင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တင်ပို့ကုန်၏ငွေပမာဏ ၈၂၂၆၀၀၄.၈၉၀ ကန်ဒေါ်လာနှင့် ကာလတူ တင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၃၄၄၄၅၈၅.၇၅၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍တင်ပို့မှု ရှိခဲ့သည်ကို တွေ့ရပါသည်။ 
သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက် လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ ကုန်ထုတ်စက္ကူများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ ဓါတုဗေဒပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်‌ရေးပစ္စည်းများ၊ ကားတာယာ၊ သံပိုက်၊ H-BEAM နှင့် ပန်းသီးများ တင်သွင်းခဲ့ပြီး သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ၁၀၃၉၁၅၈.၇၈၀ ကန် ဒေါ်လာ တင်သွင်းခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုး ၈၄၆၇၂၄.၁၃၀ ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၁၉၂၄၃၄.၆၅၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ တင်သွင်းခဲ့သည်ကို တွေ့ရပါသည်။
တင်ပို့ကုန်နှင့် တင်သွင်းကုန်တို့၏ ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ ငွေပမာဏမှာ ၁၀၆၃၁၄၃၁.၉၀၀ ကန်ဒေါ်လာတန်ဖိုး ပိုမို၍ ကုန်သွယ်မှုပြုခဲ့ကြောင်း ကုန်သွယ်မှု စာရင်းများအရ တွေ့ရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News