Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်/သွင်းကုန်ကုန်သွယ်နိုင်မှု

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ ဖေဖော်ဝါရီလ ၂၆ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၆.၈၁၄) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၆.၉၆၄) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁၃.၇၇၈)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၆-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃၈၀၃.၁၂၄) တန် တန်ဖိုး (၀.၈၇၅) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ ထောပတ်သီး (၅၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ လိမ္မော်သီး(၂၆.၄၀၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၄) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၉၇၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၂၆-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၉၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်းလျက်ရှိပြီး (၂၆-၂-၂၀၂၄)ရက်တွင် ဓါတ်ဆီ (၀.၀၃၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၁၄) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၇) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၃၀) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၁၈) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၆) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၃၆)ဒေါ်လာသန်း အပါအဝင် (၀.၁၇၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News