Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၅-၂-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (အခြောက်)၊ ကြက်သွန်နီ၊ ပီလောပီနံ(အခြောက်)၊ အဝတ်အထည်၊ ဂျင်းခြောက်၊ မိဿလင် တို့တင်ပို့ခဲ့ပါသည်။ ၂၅-၂-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)၊ ကြက်သွန်နီ၊ ပီလောပီနံ (အခြောက်)၊  အဝတ်အထည်၊ ဂျင်းခြောက်၊ မိဿလင်တို့ဖြစ်ပါသည်။

ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

၂၅-၂-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁) တန်လျှင် (၃၉၃.၉၁) ဒေါ်လာဖြင့် (၈၃၂.၆၈၀)တန်၊ (၀.၃၂၈)ဒေါ်လာသန်း ၊ ငရုတ်(အခြောက်) (၁)တန်လျှင် (၁၁၁၇.၇၁) ဒေါ်လာဖြင့် (၂၀၄.၈၈၄)တန်၊ (၀.၂၂၉)ဒေါ်လာသန်း၊ ပီလောပီနံ(အခြောက်)(၁)တန်လျှင် (၁၄၆.၅၂) ‌ဒေါ်လာဖြင့် (၂၇၃)တန်၊ (၀.၀၄၀)ဒေါ်လာသန်း၊ CMP (1)Uလျှင် (၄.၉၉၈)ဒေါ်လာဖြင့် (၄၆၀၂)တန်၊ (၀.၀၂၃)ဒေါ်လာ သန်း၊ ဂျင်းခြောက် (၁)တန်လျှင် (၉၂၃.၀၈)ဒေါ်လာဖြင့် (၁၆.၂၅၀)တန်၊ (၀.၀၁၅) ဒေါ်လာသန်းနှင့် မိဿလင် (၁) တန်လျှင် (၅၀၀) ဒေါ်လာဖြင့် (၂)တန်၊ (၀.၀၀၁)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

၂၅-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ပစ္စည်းများ (၀.၁၈၃)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၁၁၅)ဒေါ်လာသန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ (၀.၁၁၂)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၅၅)‌ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၀၄၇)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၄၃)‌ဒေါ်လာသန်း၊ ဘတ္ထရီများ (၀.၀၄၀)ဒေါ်လာ သန်း၊ စားသောက်ကုန်များ (၀.၀၃၅)ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၀၂၇)ဒေါ်လာသန်း၊ မီးဖိုချောင်သုံး ပစ္စည်းများ    (၀.၀၂၆)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၁.၄၂၄) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၆.၂၇၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၇.၇၀၂) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News