Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ (၂၆)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဖေဖော်ဝါရီလ(၂၆)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၂၅.၅၃၄) ဒေါ်လာသန်း၊ သွင်းကုန် (၂.၂၁၈)ဒေါ်လာသန်း၊ စုစုပေါင်း (၂၇.၇၅၁)ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၃၅.၃၇၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖေဖော်ဝါရီလ (၂၆)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ Petrified Wood၊ မကျီးသီး(အစေ့ပါ)၊ ဇီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်မှ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ထိကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်မှ (၂၆)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၈၂၅) တန်၊ တန်ဖိုး(၁.၆၆၉) ဒေါ်လာသန်း၊ ဆန် တန်ချိန် (၄၂၅) တန်၊ တန်ဖိုး(၀.၂၄၀) ဒေါ်လာသန်း၊ Iron Concentrate တင်ပို့မှုအနေဖြင့် တန်ချိန် (၇၂) တန်၊ တန်ဖိုး(၀.၀၀၈) ဒေါ်လာသန်း၊ ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၃၁၂) တန်၊ တန်ဖိုး(၀.၁၀၆) ဒေါ်လာသန်း၊ သခွါးမွှေးတန်ချိန် (၅၂) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၅၃)တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ဖရဲသီးတန်ချိန် (၃၂၅) တန်၊ တန်ဖိုး(၀.၀၃၃) ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန် (၁၉၇) တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်းတန်ချိန် (၆၅) တန်၊ တန်ဖိုး(၀.၀၆၅)ဒေါ်လာသန်း၊ လုပ်ငန်းသုံး ပစ္စည်းတန်ချိန် (၁၄၆.၆) တန်၊ တန်ဖိုး (၀.၁၀၂) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၆၁.၇၀) တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News