Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၂၄-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၁၄.၉၉၃) သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၈၃.၂၉၄%) ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ၂၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၃၄၇.၃၄၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၀၈) သန်းနှင့် သွင်းကုန် (၅၀၆.၈၈၃) တန်၊ (၂၂၈၀၀) 2U၊ (၇၀၀) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၀) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၀.၇၀၈) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

စဉ်      အမည်         အရေအတွက်  ဈေးနှုန်း

(၁)     ပလာလန်း     ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

(၂)      ငါးပုလွေ(200-300 gm)        ၁ ကီလိုဂရမ်   ၁.၁၀၀ ဒေါ်လာ

(၃)     တူးခက်         ၁ ကီလိုဂရမ်   ၀.၈၉၀ ဒေါ်လာ

(၄)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ ဒေါ်လာ

 (၅)    ဘီးဇင်း          ၁ ကီလိုဂရမ်   ၃.၅၂၀ ဒေါ်လာ

(၆)     ဘောင်းကြေး  ၁ ကီလိုဂရမ်   ၀.၀၉၀ ဒေါ်လာ

(၇)    ဘီးညို(400 gm down)         ၁ ကီလိုဂရမ်    ၁.၂၅၀ ဒေါ်လာ

 (၈)    သဲတိုး(100 – 300 gm)         ၁ ကီလိုဂရမ်   ၁.၀၉၀ ဒေါ်လာ

(၉)     ဇလုံး(300-500 gm)   ၁ ကီလိုဂရမ်            ၁.၀၀၀ ဒေါ်လာ

(၁၀) ကုလားငူ(200-400 gm)          ၁ ကီလိုဂရမ်   ၁.၀၀၀ ဒေါ်လာ

သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းအုပ်စုတွင် (၁၁၀.၅၂၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၂၂) သန်း၊ လုပ်ငန်းသုံး ပစ္စည်းအုပ်စု တွင် (၇၀၀) U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၃) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၃၉၆.၃၆၃) တန်၊(၂၂၈၀၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၇၅)သန်း တင်သွင်းခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News