Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့မှ (၂၅) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၀၈) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၃၀၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၁၁၃) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇွန်လ (၂၃) ရက်နေ့ မှ (၂၅) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး (၉.၇၆) တန်၊ တန်ဖိုး (၀.၀၀၇၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၂.၄) တန်၊ တန်ဖိုး (၀.၀၆၅၁) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၅၉.၈၆၆) တန်၊ တန်ဖိုး (၀.၀၀၈၃) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၁၅) တန်၊ တန်ဖိုး (၀.၀၀၆၃) ဒေါ်လာသန်း၊ ကျောက်မှုန့် (၄၈)တန်၊ တန်ဖိုး (၀.၀၀၃၅) ဒေါ်လာသန်း၊ ကြွေပြား (၂၅၀၀) M2၊ တန်ဖိုး(၀.၀၀၅၉)ဒေါ်လာသန်း၊ ဖိနပ် (၁၉၂၀၀) ရံ၊ တန်ဖိုး (၀.၀၀၂၂) ဒေါ်လာသန်း၊ ကျောက်ပြား (၆၄) တန်၊  တန်ဖိုး (၀.၀၁၀၅) ဒေါ်လာသန်း၊ ကာဗွန်မှုန့်  (၉) တန်၊ တန်ဖိုး (၀.၀၀၂၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၁၀၈၃.၁၅၄) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၄၄၀.၂၈၀) ဒေါ်လာနှုန်း၊ ကဏန်း (၁၆၉၀.၁၇၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၀.၆၈၅) ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၅၈) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၀၀.၈၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၄၂၀) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၃) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၆) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၆၄) ဒေါ်လာနှုန်း၊   ကာဗွန်မှုန့် (၂၃၃.၃၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၅-၆-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀)၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News