ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်းဖြစ်ပြီး (၂၅-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၈.၄၅၉)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၁၆.၁၅၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၃၇.၄၅၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၆၆)သန်းနှင့် သွင်းကုန်တန်ချိန်(၃၀၃.၇၁၂)တန်၊ (၉၉၇)U၊(၆၁၂၀၀)2U၊ (၁၃၂၈၀.၈၃၀)M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၆၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁.၂၂၆) သန်းဖြစ်ပါသည်။
ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရေထွက်ကုန် ပစ္စည်းအုပ်စုတွင် (၁၁၁၇.၁၇၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၉၃၀)သန်း၊ အခြားပစ္စည်း အုပ်စုတွင်(၄၂၀.၂၈၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၃၆)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
စဉ် အမည် အရေအတွက် ဈေးနှုန်း
(၁) မျက်လုံးကျယ်(200-300gm)၁ ကီလိုဂရမ် ၀.၈၇၀ ဒေါ်လာ
(၂) စက်ဟောက်(100-200 gm)၁ ကီလိုဂရမ် ၀.၆၉၃ ဒေါ်လာ
(၃) ကင်းမွန်(8 cm down) ၁ ကီလိုဂရမ် ၁.၇၉၀ ဒေါ်လာ
(၄) သဲဂဏန်း ၁ ကီလိုဂရမ် ၃.၈၉၀ ဒေါ်လာ
(၅) ပလာတူး ၁ ကီလိုဂရမ် ၀.၉၈၀ဒေါ်လာ
(၆) သဲတိုး(100-300gm) ၁ ကီလိုဂရမ် ၁.၀၉၀ဒေါ်လာ
(၇) ငါးဗျောသီး(100-200 gm) ၁ ကီလိုဂရမ် ၀.၆၉၃ဒေါ်လာ
(၈) ငါးဒင်္ဂါး(100-200 gm) ၁ ကီလိုဂရမ် ၀.၇၆၀ဒေါ်လာ
(၉) ပလာလန်း ၁ ကီလိုဂရမ် ၁.၁၀၀ ဒေါ်လာ
(၁၀)ငါးပုလွေ(100-200gm) ၁ ကီလိုဂရမ် ၁.၀၁၀ ဒေါ်လာ
Source: https://commerce.gov.mm