Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၄) ရက်နေ့မှ (၂၅) ရက်နေ့အတွင်း  ငါးမှုန့် (၁) တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန်၊ တန်ဖိုး (၀.၈၁၈) ဒေါ်လာသန်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၆၅) ဒေါ်လာနှုန်း ဖြင့် (၁၈) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်းနှင့် မုတ်ခွံ (၁) တန်လျှင် (၁၇၁၆) ဒေါ်လာနှုန်းဖြင့် (၃၂) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၉၀၇) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်တင်ပို့နိုင်ခဲ့ပြီး တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန် လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့မှ (၂၅)ရက်နေ့တွင်း လုပ်ငန်းသုံးပစ္စည်း (၁၂၉၅.၀၀၅)တန်၊ တန်ဖိုး (၀.၄၉၈) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၉၅၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၅၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၂) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News