Local News

မြဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၅-၄-၂၀၂၃)ရက်နေ့မှ(၂၉-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများမှာ ပီလောပီနံ၊ ငရုတ်၊ ပီလောပီနံခြောက်၊ ချင်း၊ ကြက်သွန်နီ၊ မန်ကျည်းသီး၊ ဆီးဖြူသီး၊ ပြောင်း၊ မတ်ပဲ၊ နနွင်း၊ ကွမ်းသီး၊ မိချောင်း ကွမ်းဖတ်စေ့၊ မက္ကဒေးမီးယား၊ သစ်ကြံပိုးခေါက် နှင့် Dried Cassumumar Ginger တို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုစွန်၊ ငါးမွှေထိုး၊ ငါးခွေးလျှာ၊ ကကူယံ၊ ငါးဓားလွယ်၊ ငါးသလောက်၊ ငါးတီး၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ငါးမြစ်ချင်းစီဖောင်းနှင့် ငါးပူတင်းအရေခွံခြောက်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုး သမီးဝတ်အထည်အလိပ်များ တင်ပို့ လျက်ရှိသည်။  

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရေထွက်ကုန်ပစ္စည်းများ၊ Dried Cassumamer Ginger ၊ ကွမ်းသီး၊ မက္ကဒေးမီးယား၊ ဆီးဖြူသီး၊ ချင်း၊ မတ်ပဲ၊ နနွင်း၊ ငရုတ်၊ CMP ၊ မန်ကျည်းသီး၊ ပီလောပီနံခြောက်၊ ကြက်သွန်နီ၊ ပြောင်းနှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန် လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာ​ရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ် ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေး နှင့်ဆေးပစ္စည်း၊ Packing Material၊ အိမ်သုတ် ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အလှကုန်ပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အသုံးပြုပြီးစက်လှေကား၊ တိရစ္ဆာန်အရှင် (ဘဲသားပေါက်)၊ စက်ဆီ/ချောဆီနှင့် ငါးဖမ်းကိရိယာများ တင်သွင်းလျက်ရှိသည်။  

         အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ Garment ၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ သစ်သီး၊လျှပ်စစ်ပစ္စည်း၊ အိမ်သုတ်ဆေး၊ ဆေးနှင့်ဆေးပစ္စည်း၊ ယန္တရားအပို ပစ္စည်း၊ အသုံးပြုစက်လှေကား၊ စက်ဆီ/ချောဆီနှင့် အခြားပစ္စည်းတို့ ဖြစ်သည်။(၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ်ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင်(၈၂.၉၈)ကျပ်ထိရှိခဲ့ပြီး ယခုသီတင်းပတ် တွင်(၈၄) ကျပ်ရှိသဖြင့် အနည်းငယ် မြင့်တက်သော်လည်း ပို့ကုန်နှင့်သွင်းကုန်များ ယခင်ကထက် ပိုမိုတင်သွင်း/တင်ပို့ လျက်ရှိကြောင်း သိရှိရသည်။

Source: https://www.commerce.gov.mm
 

Category: Local News