International News

ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးသည် အနည်းဆုံး ၂၀၂၉ ခုနှစ်ထိ ဆက်လက်တိုးတက်နေမည်မှာ သေချာကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ထုတ်ပြန်ခဲ့

Last Updated:

ဘရူနိုင်းနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့တွင် အနှုတ်သဘောဆောင်သော တိုးတက်မှုကို ကြုံတွေ့ခဲ့ရသော်လည်း ၂၀၂၃ ခုနှစ်တွင် တိုးတက်မှုနှုန်း ၃.၁ % ဖြင့် အပြုသဘောဆောင်သော အောင်မြင်မှုရရှိခဲ့ပြီး ၎င်းကို ၂၀၂၉ ခုနှစ်ထိ ဆက်လက်ထိန်းသိမ်းထားရန် မျှော်မှန်းထားကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့- IMF က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။

ဘရူနိုင်းနိုင်ငံ၏ စားသုံးသူဈေးနှုန်းသည် ကြီးမြင့်လာကာ ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်ကထက် ၁.၃ % တိုးမြင့်လာပြီး ၂၀၂၅ ခုနှစ်တွင် ၁ % ကျဆင်းရန် မျှော်မှန်းထားကြောင်းကို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ - IMF၏ ကမ္ဘာ့စီးပွားရေး ရှုမြင်သုံးသပ်ချက်အစီရင်ခံစာက ဖော်ပြထားပါသည်။

ဘရူနိုင်းနိုင်ငံသည် ရေနံနှင့်သဘာဝဓါတ်ငွေကဲ့သို့သော သဘာဝအရင်းအမြစ်များကြွယ်ဝသည့် နိုင်ငံဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတွင် အဆိုပါလုပ်ငန်းများမှ ၄၇.၄ % ပါဝင်ကြောင်း၊ ဘရူနိုင်းနိုင်ငံသည် စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန် ရည်ရွယ်၍ မကြာသေးမီနှစ်များအတွင်းက သတင်းအချက်အလက်နည်းပညာ၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာကုန်သွယ်မှု ကဲ့သို့သောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသလို ရေနံဓာတုဗေဒနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေရေး တက်ကြွစွာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source:https://www.thestar.com

Source: https://commerce.gov.mm

Category: International News