Local News

တောင်ငူခရိုင်မှ ဈေးကွက်ဝင် Light House Coffee

Last Updated:

တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် ထုတ်လုပ်ရောင်းချလျက်ရှိသော Light House အမှတ်တံဆိပ်ကော်ဖီသည် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းဖြစ်ပါသည်။ ၎င်း ကော်ဖီသည် Arabica ကော်ဖီအမျိုးအစားဖြစ်ပြီး Grade 85 အဆင့်ရရှိထားပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့တွင် အခြောက်လှန်းပြီး ကိုယ်ပိုင်ကော်ဖီလှော်စက်ဖြင့်လှော်၍ အမှုန့်ကြိတ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လက်ရှိ ပြည်တွင်းဈေးကွက်အနေဖြင့် ရန်ကုန်၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ နေပြည်တော်မြို့များသို့ ဖြန့်ဖြူးလျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် ထိုင်းနိုင်ငံမှလည်း မှာယူမှုရှိကြောင်းသိရပါသည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်း ရောင်းချနေသောဈေးနှုန်းအနေဖြင့် ပြည်ပဈေးကွက်တွင် ၁၀၀ ဂရမ် တစ်ထုတ်လျှင် ၅၀၀၀ ကျပ်၊ ၂၀၀ ဂရမ်တစ်ထုတ်လျှင် ၁၀၀၀၀ ကျပ်၊ ၅၀၀ ဂရမ်တစ်ထုတ် လျှင် ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချပြီး ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရေးအတွက် စိုက်ဧကများတိုးချဲ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင် ဦးဇေယျာမင်း၏ ပြောပြချက်အရ သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News