International News

စင်ကာပူနိုင်ငံကိုအမီလိုက်ရန် မလေးရှားနိုင်ငံရှိ အကြီးဆုံးဆိပ်ကမ်းအားစွမ်းရည်ကို နှစ်ဆတိုးမြှင့်မည်

Last Updated:

မလက္ကာရေလက်ကြား၏ အဓိကပင်လယ်လမ်းကြောင်း‌ပေါ်ရှိ မလေးရှားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ၎င်းတို့၏စွမ်းရည်ကို နှစ်ဆတိုးမြှင့်ရန်စီစဥ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့‌ရေးကွင်းဆက်များပြောင်းလဲလာခြင်း၊ အရှေ့တောင်အာရှ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုများတိုးလာခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံကိုလိုက်၍ ၎င်း၏စွမ်းဆောင်ရည်ကို လာမည့်ဆယ်စုနှစ်များအတွင်း နှစ်ဆတိုးရန် စီစဉ်လျက်ရှိသည်။ မလေးရှားနိုင်ငံ၏ ဆိပ်ကမ်းဖြစ်သော Port Klang မှာ ကမ္ဘာ့ (၁၂) ခု‌ မြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် စွမ်းရည် သတ်မှတ်ချက်အရ အရှေ့တောင်အာရှတွင် စင်ကာပူပြီးလျှင် ဒုတိယမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်သည်။ ၎င်းဆိပ်ကမ်းအား မလေးရှားနိုင်ငံ၏ ထင်ရှားသော ဆိပ်ကမ်းအော်ပ‌ရေတာတစ်ခုဖြစ်‌သည့် West Port Holdings အော်ပရေတာမှ မလေးရှားရင်းဂစ် ၃၉.၆ဘီလီယံ၊ ဒေါ်လာ ၈.၃၄ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး ကွန်တိန်နာပေါင်း ၁၄သန်းမှ ၂၇သန်းအထိ တိုးမြှင့်သယ်ဆောင်နိုင်ရန်စီစဥ်ထားသည်။ ထိုကဲ့သို့ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် နှစ် (၄၀) ကျော်ကြာမည်ဖြစ်ပြီး (၂၀၂၄) ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ဖယ်ဒရယ်အစိုးရသည် West Ports ၏ Port Klang ဆိပ်ကမ်းတိုးချဲ့မှုအစီအစဥ်ကို ပြီးခဲ့သည့်သြဂုတ်လတွင် အတည်ပြုခဲ့သည်။ ကွာလာလမ်ပူ၏ အနောက်တောင်ဘက်ရှိ အဆိုပါစီမံကိန်းတွင် လက်ရှိဆိပ်ကမ်း ၉ ခုမှ ၁၇ ခုအထိ ကွန်တိန်နာဂိတ်အဆောက်အအုံများတိုးမြှင့်ရန်အတွက် ကမ်းရိုးတန်းတစ်လျှောက် မြေယာပြန်လည်ပြင်ဆင်ခြင်းများပါဝင်မည်ကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News