Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၂၄-၆-၂၀၂၄ မှ ၃၀-၆-၂၀၂၄) ရက်နေ့အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံနှင့် အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃၆၂၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၆၅၇၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၄၉၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2024Crop) ကျပ် ၈,၀၀၀ နှင့်  မတ်ပဲ SQ/RC (2024 Crop) ကျပ် ၈၀၀၀ နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ်  ၇၅၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၃၅ လုံး (တန်ချိန် ၃၄၂၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀)   ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၅၀ လုံး (တန်ချိန် ၁၂၀၀) နှင့် ပဲစင်းငုံ Red/ RC(2024 Crop)  ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)  ဝင်ရောက်ခဲ့ သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၈၅ လုံး (တန်ချိန် ၂၀၄၀) လျော့နည်းဝင်ရောက်ခဲ့ပြီး  ပဲစင်းငုံ Red/ RC (2024 Crop)  ကွန်တိန်နာ ၁၀လုံး (တန်ချိန် ၂၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ် (သစ်) AC ကျပ် ၅၀၀၀၊ မြားနီ ကျပ် ၄၅၀၀ ၊ပန်းတနော်ရှည် ကျပ် ၄၀၀၀၊ ဆင်ဖြူ ကျွန်း(ပု) ကျပ် ၁၁၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၁၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မြစ်ဝပု ကျပ် ၁၀၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။  ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုတ်ရှည်အိတ်ပေါင်း ၁၉၀၀(၃၈၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ ( ၁၅၀၀ ပိဿာ) ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၃၀၀ (၄၆၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၂၀၀ (၃၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၄၀၀ (၈၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ကြောင်း သိရသည်။  

မန်ကျည်းသီး 

       ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၅၈၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီး သီးဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်း မန်ကျည်းအသား(သစ်) ကျပ် ၂၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 

 ထန်းလျက်၊ ကြံသကာ နှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ် ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၃၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၅၅၀၀၊ ပခုက္ကူကြမ်း ကျပ် ၄၅၅၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၅၉၅၀၊ ကြံသကာ ကျပ် ၃၃၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၇၅၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  ထန်း လျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။  

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ကြီး ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၇၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၁၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၁၅၀၊ မုံရွာလတ်သန့် ကျပ် ၂၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၁၇၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း  မုံရွာသစ်ရှယ် ကျပ် ၁၅၀၊ မုံရွာလတ်ကြီး ကျပ် ၁၅၀၊ မုံရွာလတ်သန့် ကျပ် ၁၅၀ နှင့် မုံရွာလတ်ချော ကျပ် ၁၀၀  ဈေးကျဆင်းခဲ့ပြီး ကျန် ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင် အပတ် က   ကားစီးရေ ၁၁၅ စီး (၆၉၀၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၀၄ စီး (၆၂၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၁၁ စီး (၆၆၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၂  ကျပ် ၉၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၀၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၁၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၅၀၀ ဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန် စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၄၉၀၀ (၁၄၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက် သွန်ဖြူ အိတ် ၄၇၀၀ (၁၄၁၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန် ဖြူအိတ်ရေ  ၂၀၀ ( ၆၀၀၀  ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှ အာလူးများ ဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၉၀၀ ၊ တရုတ် OK ကျပ် ၂၅၅၀ ၊ တရုတ် S1 ကျပ် ၂၅၅၀၊ တရုတ်S2 ကျပ် ၂၃၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်း အာလူးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်က ကားအစီးရေ ၄၀  (၂၄၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၃၅ စီး (၂၁၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၅ စီး (၃၀၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News