International News

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore-MAS)နှင့် Bank for International Settlements(BIS)တို့ပူးပေါင်း၍ ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအတွက် ရာသီဥတုဘေးအန္တရာယ်မူဝါဒဆိုင်ရာအစီအစဉ်(Blueprint for a Climate Risk Platform)ဆောင်ရွက်

Last Updated:

လုပ်ထုံးလုပ်နည်းများနှင့် ရာသီဥတုဆိုင်ရာအချက်အလက်များပေါင်းစည်း၍ ဘဏ္ဍာရေးစနစ်တွင် ရာသီဥတုဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေများကို ဘဏ္ဍာရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် သတ်မှတ်ကြီးကြပ်ရန်အတွက် အထောက်အကူဖြစ်စေမည့်အစီအစဉ်ကို စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore-MAS)နှင့် Bank for International Settlements(BIS)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ရာသီဥတုပြောင်းလဲမှုသဘောသဘာဝများ၊ ဂရုပြုဖွယ်အချက်အလက်ကွာဟချက်များ၊ ဆုံးရှုံးနိုင်ခြေများကို မည်သို့တိုင်းတာရန် နားလည်မှုအကန့်အသတ်ရှိခြင်းတို့ကြောင့် ရာသီဥတုဘေးအန္တရာယ်ဆိုင်ရာ ဆန်းစစ်ချက်များနှင့် ငွေကြေးတည်ငြိမ်မှုဆန်းစစ်ချက်များ ပေါင်းစပ်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများဖြစ်စေပါသည်။ အဆိုပါစိန်ခေါ်မှုကိုကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီဖြစ်စေရန်အတွက် Blueprint for a Climate Risk Platform ကို Project Viridis အဖြစ် စင်ကာပူနိုင်ငံရှိ BIS Innovation Hub Centre တွင် ဆောင်ရွက်ခဲ့ပါသည်။

Blueprint တွင် Climate Risk Platform အတွက် အဓိကအချက်အလက်များနှင့် တိုင်းတာမှုများကိုချမှတ်ထားပြီး ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ မတူညီသည့်ရာသီဥတုအခြေအနေများအရ မြေပြင်ရှိ ဆုံးရှုံးနိုင်ခြေများနှင့် ကြိုတင်ခန့်မှန်းဆန်းစစ်ချက်များနှင့် သတင်းအချက်အလက်များကို ပေါင်းစည်းပေးနိုင်မည်ဖြစ်ပါသည်။

Project Viridis သည် လုပ်ထုံးလုပ်နည်းဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းများက တင်ပြလာသည့်အချက် အလက်များမှ ရရှိသည့် ရာသီဥတုဆိုင်ရာအချက်အလက်များကို ပေါင်းစည်းနိုင်မည့်ပုံစံများကို ဖော်ပြပေးမည်ဖြစ်ပြီး ၎င်းမှတစ်ဆင့် ဆုံးရှုံးနိုင်ခြေများကို ကနဦးသိမြင်စေခြင်းဖြင့် ရာသီဥတုနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို သိရှိစေမည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါဆုံးရှုံးနိုင်ခြေများကို ပိုမိုဆန်းစစ်ရန်လိုအပ်သည့် နယ်ပယ်များကို ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။

“ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုများ၏ သက်ရောက်မှုကြီးမားလာသောကြောင့် လိုက်လျောညီထွေရှိပြီး ကြိုတင်ရည်မျှော်သည့် မဟာဗျူဟာများလိုအပ်လာကြောင်း၊ Project Viridis သည် ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၏ဆန်းစစ်မှုများတွင် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဘေးအန္တရာယ်များဆိုင်ရာ အချက်အလက်များနှင့် ပေါင်းစပ်ပေးခြင်းဖြင့် အကူအညီဖြစ်စေမည်ဖြစ်ပြီး ဘဏ္ဍာရေးကဏ္ဍတည်ငြိမ်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း” BIS Innovation Hub Singapore Centre ၏ ခေါင်းဆောင်ဖြစ်သူ Maha El Dimachki က ပြောကြားခဲ့ပါသည်။

“Project Viridis သည် တီထွင်ဆန်းသစ်ပြီး ပူးပေါင်းဆောင်ရွက်မှုပုံစံတစ်ခုဖြစ်ကြောင်း၊ ရာသီဥတုဆိုင်ရာအချက် အလက်များကို စနစ်တကျခြေရာခံနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများလိုအပ်နေသည့် ရာသီဥတုဘေးအန္တရာယ်များဆိုင်ရာ အချက်အလက်များအတွက် ဆန်းစစ်မှုများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်ရန် မျှော်လင့်ကြောင်း” MAS ၏ Aassistant Managing Director (Economics & Knowledge Management)ဖြစ်သူ Celine Sia က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Monetary Authority of Singapore (MAS)

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News