Local News

ကျောက်ဆည်ခရိုင်၌ ပဲတီစိမ်း (မိုးကြို) သီးနှံများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၌ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးကာ ပဲတီစိမ်း(မိုးကြို) သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်း (မိုးကြို)ကိုမတ်လတွင် စတင်စိုက်ပျိုးလျက်ရှိရာကျောက်ဆည်မြို့နယ်၌ ၆၄၄၆ ဧက၊ စဥ့်ကိုင်မြို့နယ်၌ ၄၄၉၇ ဧက၊ မြစ်သားမြို့နယ်၌ ၁၁၂၃၄ ဧက၊ စုစုပေါင်း ၂၂၁၇၇ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ပဲတီစိမ်းသီးနှံကို ဇွန်လဆန်းမှ စတင်၍ ရိတ်သိမ်းလျက်ရှိပြီး ယခုအချိန်ထိ ၂၁၂၅ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ပဲတီစိမ်း(မိုးကြို) သီးနှံစိုက်ပျိုးရာတွင် ဆည်ရေသောက်ရေသွင်းစနစ်ဖြင့် အများဆုံး စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သော ရေဆင်း-၁၁ မျိုးနှင့် ကျောက်စိမ်းမျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ်နှင့် လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၀၀,၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေ ဖြင့် တစ်ဧကလျှင် ၁၁-၁၂ တင်းခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပွဲရုံများ၌ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲတီစိမ်း (မိုးကြို) စိုက်ပျိုးတောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News