International News

စင်ကာပူနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ပို့ကုန်၊ သွင်းကုန်ဈေးနှုန်း ညွှန်းကိန်းများ

Last Updated:

စင်ကာပူနိုင်ငံ၏ ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွက် ပို့ကုန်၊ သွင်းကုန်ဈေးနှုန်းညွှန်းကိန်းများကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်အရ စင်ကာပူနိုင်ငံ၏ သွင်းကုန်ဈေးနှုန်းညွှန်းကိန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ တွင် ၀.၂ % တက်ခဲ့ပြီး သြဂုတ်လတွင် ၂.၁ % ကျဆင်းခဲ့ပါသည်။ စက်သုံးဆီဈေးနှုန်းညွှန်းကိန်းမှာ ဇူလိုင်လတွင် ၀.၂ % ကျဆင်းခဲ့ပြီး သြဂုတ်လတွင် ၅.၅ % ကျဆင်းခဲ့ပါသည်။ စက်သုံးဆီ မဟုတ် သည့်ကုန်စည်များ၏ ဈေးနှုန်းညွှန်းကိန်းမှာ ဇူလိုင်လတွင် ၀.၃ % တက်ခဲ့ပြီး သြဂုတ်လတွင် ၁.၀ % ကျဆင်းခဲ့ပါသည်။

စက်သုံးဆီမဟုတ်သည့် ကုန်စည်များအနက် အဖျော်ယမကာနှင့် ဆေးရွက်ကြီး၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီ၊ ဓာတုပစ္စည်းနှင့် ဓာတုပစ္စည်းထုတ်ကုန်များ၊ ထုတ်လုပ်ပြီး ကုန်စည်များ (စာရွက်၊ အထည်၊ သံ၊ သတ္တု၊ သားရေ၊ သားမွေးထည်၊ ရော်ဘာ)၊ စက်ပစ္စည်းနှင့် ပို့ဆောင်ရေး ကိရိယာများ၊ အခြားထုတ်လုပ်ပြီးပစ္စည်းများ (မွှေ့ယာ၊ ပရိဘောဂ၊ လက်ကိုင်အိတ်၊ အဝတ် အထည်ချုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဖိနပ်၊ သိပ္ပံနှင့် ထိန်းချုပ်ပစ္စည်း ကိရိယာများ၊ နာရီစသည်ဖြင့်) ၏ သွင်းကုန်ဈေးနှုန်းညွှန်းကိန်းများမှာ ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ၁.၂ %၊ ၀.၉ %၊ ၁.၅ %၊ ၁.၆ %၊ ၁.၁ %၊ ၀.၅ % အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပထားပါသည်။

ပို့ကုန်ဈေးနှုန်းညွှန်းကိန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၀.၃ % ကျဆင်းခဲ့ပြီး ဩဂုတ်လတွင် ၂.၈ % ကျဆင်းခဲ့ပါသည်။ စက်သုံးဆီဈေးနှုန်း ညွှန်းကိန်းမှာ ဇူလိုင်လတွင် ၁.၃ % ကျဆင်းခဲ့ပြီး သြဂုတ်လ တွင်လည်း ၈.၁ % ကျဆင်းခဲ့ပါသည်။ စက်သုံးဆီမဟုတ်သည့် ကုန်စည်များ၏ ဈေးနှုန်းညွှန်းကိန်း မှာ ဇူလိုင်လတွင် ၀.၁ % ဖြစ်ပြီး သြဂုတ်လတွင် ၁.၅ % ကျဆင်းခဲ့ပါသည်။

စက်သုံးဆီ မဟုတ်သည့် ကုန်စည်များအနက် အစားအသောက်နှင့် တိရစ္ဆာန်အရှင်၊ အဖျော် ယမကာနှင့်ဆေးရွက်ကြီး၊ တိရစ္ဆာန်နှင့်ဟင်းသီးဟင်းရွက်ဆီ၊ ဓာတုပစ္စည်းများနှင့် ဓာတုပစ္စည်း ထုတ်ကုန်များ၊ ထုတ်လုပ်ပြီးကုန်စည်များ၊ စက်ပစ္စည်းနှင့် ပို့ဆောင်ရေးကိရိယာများ၊ အခြား ထုတ်လုပ်ပြီး ပစ္စည်းများ၏ ပို့ကုန်ဈေးနှုန်းညွှန်းကိန်းများမှာ ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့ပြီး ၀.၇%၊ ၂.၇ %၊ ၀.၉ %၊ ၂.၂ %၊ ၁.၉ %၊ ၁.၄ %၊ ၁.၁ % အသီးသီးကျဆင်းခဲ့ကြောင်း ဖော်ပြ ထားပါသည်။ 

ရင်းမြစ်။        Ministry of Trade and Industry

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News