Local News

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နဂါးမောက်သီး အလုံးရေ ၅၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဩဂုတ်လအတွင်း နဂါးမောက်သီး အလုံးရေ ၅၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်အောင်မြို့နယ် နဂါးမောက်သီး စိုက်ပျိုးရေးနှင့် ရောင်းဝယ်ရေးပွဲရုံပိုင် ရှင် ဒေါ်ဌေးဌေးရီက ပြောပြသည်။ မြန်အောင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း နဂါးမောက်သီးအလုံးရေ ၃၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဩဂုတ် ၁ ရက်မှ ၃၁ ရက်ထိ နဂါးမောက်သီးအလုံး ရေ ၅၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မြန်အောင်မြို့နယ်မှ ဒေသခံစိုက်ပျိုးရေးလုပ်ငန်းရှင်များအော်ဂဲနစ်နည်း ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နဂါးမောက်သီးများ ထွက်ရှိကြောင်း သိရသည်။ “မြန်အောင်မြို့နယ်မှာ အော်ဂဲနစ်နည်းနဲ့ နဂါးမောက်သီးတွေကို စိုက်ပျိုးထုတ်လုပ်နေပါတယ်။ အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့အတွက် နဂါးမောက်သီးတွေက ရက်ရှည်အထားခံပါတယ်။ အရသာလည်း ထူးခြားပါတယ်။ ဈေးကွက်မှာလည်း ရောင်းပန်းလှသလို ဝယ်ယူသူတွေက ပိုမိုကြိုက်နှစ်သက်ပါတယ်။ မြန်အောင်ဘက်မှာ လက်ရှိနဂါးမောက်သီးတွေ စတင်ထွက်ရှိနေပြီဖြစ်ပါတယ်။ ထွက်ရှိနေတဲ့ နဂါးမောက်သီးတွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်ပါ တယ်” ဟု မြန်အောင်မြို့နယ် နဂါးမောက်သီး စိုက်ပျိုးရေးနှင့် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဌေးဌေးရီက ပြောပြသည်။ မြန်အောင်မြို့နယ်မှ ထွက်ရှိသော နဂါးမောက်သီးများ ဈေးကွက်အတွင်း အသီးအရွက်အစားပေါ်မူတည်ပြီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၅၀၀၀၀ မှ ၃၅၀၀၀၀ ထိ ဈေးရရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News