စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းသည် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်၊ ၁၅:၀၀ နာရီအချိန်တွင် တက်ဟုန်ပြည်နယ်ခွဲပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာကျန်းစမ်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ရုံးအမှတ်-၃၊ အစည်းအဝေးခန်းမ-၁ ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကုန်စည်ပြပွဲများသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်ပါဝင်ပြသသွားနိုင်ရေး၊ ကုန်သွယ်မှုလမ်းကြောင်းများ ပိုမိုလျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ကျော်လွှားပြီး လုပ်ငန်းကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေး၊ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ထုတ်လုပ်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုပြုရာတွင် ကုန်ပစ္စည်းအမယ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source: https://commerce.gov.mm