Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း

Last Updated:

မော်လမြိုင်ကုန်စည်ဒိုင်၏ မတ်လနောက်ဆုံးပတ်တွင်ဖြစ်ပေါ်ခဲ့သော ကွမ်းသီး ဈေးနှုန်းများမှာ ရေးကွမ်းသီးပေါင်းခြမ်း တစ်ပိဿာ (၄၀၀၀)ကျပ်၊ ရေးကွမ်းသီးပေါင်းခြမ်း (၈၀% ခြောက်သား) တစ်ပိဿာ (၅၅၀၀)ကျပ်၊ ရေးကွမ်းသီးပေါင်းခြမ်း (၉၉% ခြောက်သား) တစ်ပိဿာ (၆၀၀၀)ကျပ်၊ အံစာသန့်(ခြောက်) တစ်ပိဿာ (၆၀၀၀)ကျပ်၊ ရှယ်ဝိုင်းခြောက် (ပြွန်းသန့်) တစ်ပိဿာ (၆၅၀၀)ကျပ်၊ ရှယ်ဝိုင်းခြောက် (အလယ်သား) တစ်ပိဿာ (၇၅၀၀) ကျပ်၊ ဂျင်းပြတ်(ခြောက်) တစ်ပိဿာ (၆၀၀၀)ကျပ်နှင့် မော်လမြိုင်အညိုသီး အရိုင်း (အသစ်) တစ်ပိဿာ (၁၉၀၀)ကျပ်တို့ဖြစ်ကြောင်း သိရှိရသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News