Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

မေလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းနက်ဈေးငြိမ်၍ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးနှုန်းများမြင့်တက်နေပြီး၊ မြေပဲလုံးဆံနီ ဈေးအနည်းငယ်ကျဆင်း နေကြောင်းသိရသည်။ မေလ ပထမပတ်အတွင်း နှမ်းညို တစ်တင်း (၉၈၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်း (၁၁၅၀၀၀ - ၁၂၅၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်း (၁၁၀၀၀၀ -၁၂၅၀၀၀) ကျပ် ဖြစ်ကာ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း (၉၈၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်း (၉၈၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်း (၁၁၅၀၀၀-၁၂၄၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်း (၁၁၀၀၀၀-၁၂၅၀၀၀) ကျပ်ရှိ၍ ယခင်ပတ်ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်း (၁၀၀၀)ကျပ် မြင့်တက်နေပြီး နှမ်းနက်နှင့် နှမ်းညို ဈေးငြိမ်နေကြောင်း သိရသည်။

မေလ ပထမပတ်တွင် မြေပဲလုံးဆံ ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၉၀၀-၇၀၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၉၀၀-၇၀၀၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀) ကျပ်ရှိပြီး ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၂၀၀) ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀-၆၈၅၀) ကျပ်၊ မြေပဲဆီဆံဖြူတစ်ပိဿာ (၆၄၀၀-၆၅၀၀) ကျပ်၊ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ (၂၀၀)ကျပ် ကျဆင်းနေပြီး မြေပဲလုံးဆံဖြူ တစ်ပိဿာ (၁၅၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၁၀၀) ကျပ် အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ယခုတစ်ပတ်တွင် ပဲဆီတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၃၀၀၀) ကျပ်ဖြစ်ပြီး ပဲဖတ်တစ်ပိဿာ (၂၉၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာ (၂၃၂၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၆၅၀) ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး 

Category: Local News