Local News

ကြက်သွန်နီဈေးကွက်များအခြေအနေ

Last Updated:

ကြက်သွန်နီများကို မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသော ပြည်တွင်းစားသုံးသူများအတွက် မရှိဖြစ်လိုအပ်သောအမည်တစ်ခု ဖြစ်ပါသည်။ ကြက်သွန်နီများကို ရန်ကုန်မြို့၊ မုံရွာမြို့၊ မင်းဘူးမြို့၊ မြင်းခြံမြို့နှင့် အခြားမြို့နယ်များမှ ဝယ်ယူကာ ဈေးများတွင် လက်လီ/ လက်ကား ရောင်းချနေကြောင်း သိရှိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ကြက်သွန်နီစျေးကွက်တွင် ယခုအပတ် ကြက်သွန်နီ (ရှယ်) တစ်ပိဿာ ကျပ် ၂၆၅၀၊  အကြီးတစ်ပိဿာ ကျပ်၂၅၅၀၊ အလတ်တစ်ပိဿာ ကျပ်၂၄၀၀၊ အသေးတစ်ပိဿာ ကျပ် ၁၆၀၀ စျေးအထိရှိပြီး ပစ္စည်းအရည်အသွေးအလိုက် ဈေးနှုန်းများ ကွာခြားမှုရှိနိုင်ပါကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News