Local News

ငရုတ်ဈေးကွက်အခြေအနေ

Last Updated:

ယခုအခြေအနေများတွင် ငရုတ်ဈေး ပြန်လှုပ်ခတ်လာသော်လည်း ငရုတ်စိုက်တောင်သူများအနေဖြင့် ဈေးမရရှိသေးကြောင်း ငရုတ်စိုက်တောင်သူများထံမှ သိရှိရပါသည်။ လက်ရှိ အခြေအနေအရ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန် ခက်ခဲနေပြီး၊ ငရုတ်ဈေးမှာ စတင်ပေါ်သည့် အချိန်မှစ၍ ဆက်တိုက်ဈေးကျ ဆင်းနေကြောင်း သိရှိရသည်။

လက်ရှိ ဘုရင့်နောင်ဈေးကွက်တွင် မြားနီ ငရုတ်မှာ ၃၅၀၀ မှ ၄၀၀၀ကျပ်၊ ပန်းတနော်ရှည် ၃၈၀၀ မှ ၄၀၀၀ကျပ်၊ ဆင်ဖြူကျွန်း(ပု) ၉၅၀၀ မှ ၁၀၅၀၀ကျပ် အထိပေါက်ဈေးရှိနေကြောင်း သိရှိ ရသည်။ ယခင်အပတ် ဧပြီလ ၂၄ ရက်က မြားနီငရုတ်မှာ ၅၀၀ ကျပ်နှင့် ပန်းတနော် (ရှည်)မှာ ၂၀၀ ကျပ် ကျဆင်းသွားပြီး ဆင်ဖြူကျွန်း(ပု)မှာ ၁၀၀၀ကျပ်ထိ မြင့်တက်လာကြောင်း ငရုတ်ကုန် သည်များထံမှ သိရှိရသည်။

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

Category: Local News