International News

မလေးရှားသည် နိုင်ငံအတွင်းရှိ ဆီမီးကွန်ဒတ်တာလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် ပစ်မှတ်ထားဆောင်ရွက်လျက်ရှိ

Last Updated:

မ‌လေးရှားနိုင်ငံသည် ၎င်း၏ ဆီမီးကွန်ဒတ်တာထုတ်လုပ်သော စက်မှုလုပ်ငန်းများအတွက် အနည်းဆုံး ရင်းဂစ် ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၇ ဘီလီယံ)အား ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် Anwar Ibrahim က ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့ (အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။

ထိုရင်းနှီးမြှုပ်နှံမှုသည် IC Design (Integraled circuit design)နှင့် ဆီမီးကွန်ဒတ်တာချစ်ပ်ထုတ်လုပ်ရေးပစ္စည်းများအား ပံ့ပိုးပေးနိုင်ရန်အတွက်ဖြစ်သည်။ ဆီမီးကွန်ဒတ်တာချစ်ပ်များ၏ ဒီဇိုင်းပိုင်းနှင့် အဆင့်မြှင့်ထုပ်ပိုးမှုအပိုင်းများတိုးတက်လာစေရန်အတွက် ပြည်တွင်း၌ ကုမ္ပဏီု ၁၀ ခုကိုတည်ထောင်လိုပြီး ၎င်းအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း၂၁၀ မှ ၁ ဘီလီယံကြားတွင်ရှိကြောင်း စက်မှုလုပ်ငန်းပွဲတော်တစ်ခု၌ မလေးရှားဝန်ကြီးချုပ် Anwar က ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါပစ်မှတ်ပြည့်မီအောင် လုပ်ဆောင်နိုင်ရန်အတွက် အချိန်ဇယားအတိအကျသတ်မှတ်ထားခြင်းမရှိကြောင်း ထပ်မံ၍ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံသည် ဆီမီးကွန်ဒတ်တာများထုတ်လုပ်ရာတွင် အဓိကကျသောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး  မကြာသေးမီနှစ်များအတွင်း၌ Intel  နှင့် Infinean အပါအဝင် ထိပ်တန်းနည်းပညာကုမ္ပဏီများမှ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာအောင် ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

Source: Reuters

Source: https://www.doca.gov.mm

Category: International News