Local News

ကျိုက်လတ်မြို့နယ်ျမှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက တီလားဗီးယား ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်းက တီလားဗီးယား ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူကာ စနစ်တကျသန့်စင်ထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်ဇွန်လအတွင်းက တီလားဗီးယား ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေ ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ကို အဓိကထားတင်ပို့ရောင်းချတာဖြစ်ပါတယ်။ ပြည်တွင်းရန်ကုန်ဈေးကွက်က ဈေးကောင်းလဲရသလို တင်ပို့ရောင်းချရတာလဲ အစစအရာရာ လမ်းကြောင်းဖြောင့်ပါတယ်။ လက်ရှိလဲ တီလားဗီးယားငါးတွေ ဝယ်လိုအားကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းက တီလားဗီးယားငါး ပိဿာချိန် ၆၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ အရင်လတွေလထက် တီလားဗီးယား ပိဿာချိန် တော်တော်များများ တင်ပို့ရောင်းချခဲ့ရတယ်။ ပိဿာချန်များများတင်ပို့ရောင်းချခဲ့ရတာကြောင့် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်တွေနဲ့ ကုန်သည်တွေပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဦးက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် မွေးမြူသည့်တီလားဗီးယားငါးနှင့် သဘာဝအတိုင်း ဖမ်းဆီးရရှိသည့်တီလားဗီးယားငါးများ ထွက်ရှိကြောင်း၊ အဆိုပါ တီလားဗီးယားငါးသက်တမ်းသည် နှစ်လနှင့် ၁၅ ရက် သို့မဟုတ် သုံးလခန့်မွေးမြူရကြောင်း၊ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးသို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားငါး တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News