Local News

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်၌ ဘူးပင်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း များကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် ဘူးသီးနှံများကိုလည်း စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဘူးသီးကို နိုဝင်ဘာလတွင် စိုက်ပျိုး၍ နှစ်လခွဲခန့်အကြာ ဖေဖော်ဝါရီလမှစတင်၍ ဘူးသီးများ ခူးဆွတ်ရောင်းချရကြောင်း၊ မျိုးအနေဖြင့် ဗမာမျိုးများကို စိုက်ပျိုးကြပြီး စင်တင်စနစ်နှင့် မြေချစနစ်ဟူ၍ရှိရာ စင်တင်စနစ်ဖြင့်သာ အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဘူးပင်ရေ ၁၈၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ပြီး စင်တင်စနစ်စိုက်ပျိုးရာ၌ အသုံးပြုသည့် ဝါးစင်ကို နှစ်နှစ်အတွင်းပြန်လည် အသုံးပြုနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၇ သိန်းကျော် ခန့်ကုန်ကျကြောင်း၊ ဘူးသီးကို တစ်လလျှင် လေးကြိမ် ခူးဆွတ်ရနိုင်ပြီး လေးလအကြာအထိ ခူးဆွတ်လျက်ရှိရာ တစ်ဧကလျှင် စုစုပေါင်း ဘူးသီးအလုံးရေ ၄၁၀၀-၄၃၀၀၀ လုံးခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်အတွင်းရှိ ကုန်စိမ်းလက်ကားဆိုင်များ၊ ဘူးသီးကြော်ဆိုင်များသို့ ရောင်းချလျက် ရှိရာ ဘူးသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ် သက်သာ၍ အကျိုးအမြတ် ရရှိသောကြောင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News