Local News

ဘီးလင်းမြို့အတွင်း ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပေါ်၍ တောင်သူများအကျိုးအမြတ်ရ

Last Updated:

ပဲတီစိမ်းသည် ဈေးကွက်ရရှိနေသော ဆောင်းသီးနှံတစ်ခုဖြစ်ပြီး ၎င်းကို စပါးရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ်လည်း ကိုင်း၊ လယ်မြေများပေါ်တွင် စိုက်ပျိုးကြသည်။ ယခုအခါ ပဲတီစိမ်းများကိုရိတ်သိမ်းနေပြီဖြစ်ပြီး ၎င်းမှာ ဈေးကွက်ရနေသော ဆောင်းသီးနှံတစ်ခုဖြစ်သည်။ ဘီးလင်းမြို့နယ်တွင် ယခင် (၂၀၂၂-၂၀၂၃) ခုနှစ်၌ ပဲတီစိမ်းစိုက်ဧက ၁၇၂၀၀ဧကစိုက်ပျိုးခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ၁၇၈၄၀ဧကပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း ပဲတီစိမ်းများ စတင်လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်သည်။ (၂၀-၃-၂၀၂၄) ရက်နေ့တွင် ပဲတီစိမ်းတစ်တင်းဈေးနှုန်းမှာ (၇၃၀၀၀)ကျပ် ဈေးပေါက်နေခဲ့ပြီး ယခင်နှစ် အလားတူအချိန်တွင် ပဲတီစိမ်းဈေးနှုန်း (၆၀၀၀၀)ကျပ်ဈေးပေါက်ခဲ့သည်။ ဘီးလင်းမြို့နယ်တွင် ကျေးရွာအုပ်စု(၅၁)အုပ်စုရှိပြီး နှင်းပုလဲ၊ ရွှေလှေ၊ ညောင်ပလ္လင်၊ လိပ်ခုံး၊ ကျောက်ရေတွင်း၊ တောင်ကြီး၊ ဝင်းက၊ ကင်းရွာ၊ ပေါက်တော၊ မရမ်းကုန်း၊ ဇုတ်ကလိကျေးရွာများတွင် ယခုနှစ် ပဲတီစိမ်းအထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် (၁၈)တင်းနှုန်းထွက်ကြောင်း၊ ပဲတီစိမ်းများကို ပဲခူး၊ ဒိုက်ဦးမြို့များသို့ တင်ပို့ရောင်းချနေကြောင်း ‌တောင်သူများထံမှသိရပြီး၊ ပဲတီစိမ်းအထွက်တိုးအောင် စိုက်ပျိုးလာနိုင်သည်နှင့်အမျှ တောင်သူများဝင်ငွေတိုးပြီး လူနေမှုအဆင့်မြင့်မားလာနိုင်ကြောင်း သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News