International News

Phu Quoc နှင့် ဟိုချီမင်းမြို့တော်တို့သည် အာရှခရီးသွား မဂ္ဂဇင်း၏ ထိပ်တန်းခရီးသွားနေရာများ စာရင်းတွင် ပါဝင်

Last Updated:

နာမည်ကျော် အာရှခရီးသွား မဂ္ဂဇင်း DestinAsian သည် အာရှရှိ အလှပဆုံးကျွန်းများ သို့မဟုတ် ကျွန်းစုများစာရင်းကို ကြေငြာခဲ့ရာ ဗီယက်နမ်ရှိ Phu Quoc နှင့် Ho Chi Minh City တို့ပါဝင်ကြောင်း သိရှိရပါသည်။

အာရှရှိ အလှဆုံးကျွန်းများ သို့မဟုတ် ကျွန်းစုများစာရင်းတွင် ဗီယက်နမ်၏ Phu Quoc ကျွန်းသည် အဆင့် ၆ ရှိပြီး ဘာလီ(အင်ဒိုနီးရှား) ကပထမဖြစ်ပြီး ၎င်းနောက်တွင်မော်လဒိုက်၊ ဖူးခက် (ထိုင်း)၊ Koh Samui (ထိုင်း)၊ Boracay (ဖိလစ်ပိုင်)၊ လန်ကာဝီ (မလေးရှား)၊ ပီနန် (မလေးရှား)၊ ပါလာဝမ် (ဖိလစ်ပိုင်) နဲ့ Lombok ကျွန်း (အင်ဒိုနီးရှား) တို့ဖြစ်ကြောင်း ဖော်ပြထား သည်။

DestinAsian ၏ ၁၇ ကြိမ်မြောက် "Reader Choice Award 2024" သည် အာရှ၏ အကောင်းဆုံးမြို့ ၁၀ မြို့ကို ရွေးချယ်ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်သည့် ဟိုချီမင်းမြို့က အဆင့် ၁၀ နေရာမှာ ရပ်တည်နေပြီး ပထမနေရာတွင် တိုကျို (ဂျပန်)၊ စင်ကာပူ၊ ကွာလာလမ်ပူ (မလေးရှား)၊ ဟောင်ကောင် (တရုတ်)၊ ဆိုးလ် (ကိုရီးယားသမ္မတနိုင်ငံ)၊ ဆစ်ဒနီ(သြစတေးလျ)၊ ရှန်ဟိုင်း (တရုတ်) နှင့် တိုင်ပေ (တရုတ်) တို့ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ်တွင်လည်း အာရှမဂ္ဂဇင်းက ဗီယက်နမ်ရှိ အကောင်းဆုံးဟိုတယ် ၁၀ လုံးကို ဂုဏ်ပြု ချီးမြှင့်ခဲ့ပြီး ဟိုချီမင်းရှိ Park Hyatt Saigon၊ Le Méridien Saigon၊ Sheraton Saigon Hotel & Tower၊ Hotel Des Arts Saigon - MGallery နှင့် Caravelle Saigon တို့သည် ထင်ရှားသည့် ဟိုတယ်များဖြစ်ပြီး ဟိုချီမင်းမြို့တွင် အရည်အသွေးနှင့် ဝန်ဆောင်မှုအတွက် အသိအမှတ်ပြု ခံထားသည့် ဟိုတယ်များဖြစ်သည်။

DestinAsian မဂ္ဂဇင်းအား ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသရှိ ထိပ်တန်းခရီးသွားသတင်းစာများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ခရီးသွားဝါသနာရှင်များ အတွက် အထူးသင့်လျောပြီး ဒေသအနှံ့ခရီးသွားခြင်းနှင့် လူနေမှုပုံစံဆိုင်ရာ အတွေ့အကြုံများ အတွက် အကောင်းဆုံးမဂ္ဂဇင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: https://en.dancongsan.vn

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News