Local News

မော်လမြိုင်မြို့တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဈေးနှုန်း

Last Updated:

ကြက်သွန်နီ

မော်လမြိုင်ကုန်စည်ဒိုင်သို့ မြစ်သားနှင့်ဆိပ်ဖြူတို့မှ ကြက်သွန်နီများ ဝင်ရောက်လျက်ရှိရာ မေလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား (အကြီး) တစ်ပိဿာ (၂၉၀၀)ကျပ်၊ မြစ်သား(အလတ်)တစ်ပိဿာ (၂၈၀၀)ကျပ်၊ မြစ်သား (အသေး) တစ်ပိဿာ (၂၆၀၀)ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိဿာ (၂၅၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်) တစ်ပိဿာ (၂၄၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး)တစ်ပိဿာ (၁၉၀၀)ကျပ်တို့ဖြစ်ပြီး မေလတတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်းများမှာ မြစ်သား(အကြီး)တစ်ပိဿာ (၃၀၀၀) ကျပ်၊ မြစ်သား(အလတ်)တစ်ပိဿာ (၂၉၀၀)ကျပ်၊ မြစ်သား(အသေး)တစ်ပိဿာ (၂၇၀၀) ကျပ်၊ ဆိပ်ဖြူ(အကြီး)တစ်ပိဿာ (၂၆၀၀)ကျပ်၊ ဆိပ်ဖြူ(အလတ်)တစ်ပိဿာ (၂၅၀၀)ကျပ်၊ ဆိပ်ဖြူ(အသေး) တစ်ပိဿာ (၂၀၀၀)ကျပ်တို့ဖြစ်ရာ မေလနောက်ဆုံးပတ်တွင် ကြက်သွန်နီ ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းကြောင်း သိရှိရပါသည်။

ကြက်သွန်ဖြူ        

မော်လမြိုင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းကြက်သွန်ဖြူများ ဝင်ရောက်လျက်ရှိရာ မေလနောက်ဆုံးပတ်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ထူးငါးတစ်ပိဿာ (၁၁၅၀၀)ကျပ် တို့ဖြစ်ပြီး မေလတတိယပတ်တွင်ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ထူးလေးတစ်ပိဿာ (၁၀၅၀၀)ကျပ်၊ ထူးငါးတစ်ပိဿာ (၁၁၀၀၀) ကျပ်တို့ဖြစ်ရာ မေလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်အတက်ရှိကြောင်း သိရှိရပါသည်။                                         

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News