Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏(၂၇-၅-၂၀၂၄မှ ၃၁-၅-၂၀၂၄) အတွင်းပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ပဲ(တစ်တန်) ဈေးနှုန်းများမှာမတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၃၃၁၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၃၆၀၀,၀၀၀နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၄၃၇၅,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်းမတ်ပဲ FAQ/ RC(2024Crop) ကျပ် ၁၀၀၀၀၀နှင့် မတ်ပဲ SQ/RC (2024 Crop) ကျပ် ၁၀၀,၀၀၀နှင့် ပဲစင်းငုံ Red/RC (2024 Crop ) ကျပ် ၇၅,၀၀၀ အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့  မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၀၀လုံး (တန်ချိန် ၂၄၀၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၂၁၀ လုံး (တန်ချိန် ၅၀၄၀) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက်မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။  
ငရုတ် 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၅၈၀၀၊ မြားနီကျပ် ၅၅၀၀ ၊ ပန်းတနော်ရှည် ကျပ် ၄၇၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ်၁၂၅၀၀ နှင့် မြစ်ဝပု ကျပ် ၁၂၅၀၀ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ပန်းရဲငရုတ်(သစ်) AC ကျပ် ၂၀၀၊ မြားနီကျပ် ၂၀၀ နှင့် ပန်းတနော်ရှည် ကျပ်၃၀၀ အသီးသီး ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည်အိတ်ပေါင်း ၈၀၀၀ (၁၆,၀၀၀၀ ပိဿာ)နှင့် ငရုတ်ပုအိတ်ပေါင်း ၃၀၀ (၄၅၀၀ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည်အိတ်ပေါင်း ၄၁၀၀ (၈၂,၀၀၀ပိဿာ) နှင့်ငရုတ်ပုအိတ်ပေါင်း ၁၀၀ (၁၅၀၀ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၃၉၀၀ (၇၈,၀၀၀ပိဿာ) နှင့် ငရုတ်ပုအိတ်ပေါင်း ၂၀၀( ၃၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  
မန်ကျည်းသီး 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင်မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာမန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ်၃၅၀၀ ၊ မန်ကျည်းအသား (သစ်) ကျပ် ၄၅၀၀ နှင့်မန်ကျည်းသီးရမည်းသင်းဒါးဇင်း ကျပ် ၃၃၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိသည်။ 
ထန်းလျက်၊ကြံသကာနှင့်သကြား 
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်း များမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၅၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၄၂၀၀၊ ပခုက္ကူကြမ်း ကျပ်၄၆၅၀၊ ရေစကြိုထန်းလျက်(ချော) ကျပ်၆၁၀၀၊ ကြံသကာ ကျပ်၃၀၀၀နှင့် သကြား(ပြည်တွင်း) ကျပ်၄၆၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်းတောင်သာမလိုင်(ဒုံး) ကျပ် ၁၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၈၀၀၊ ပခုက္ကူ ကြမ်းကျပ်၅၀၊ ကြံသကာကျပ်၁၀၀နှင့် သကြား(ပြည်တွင်း) ကျပ်၁၀၀ ဈေးမြင့်တက်ခဲ့သည်။  
ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာဆိပ်ဖြူရှယ်ကျပ် ၂၂၀၀၊ ဆိပ်ဖြူလတ်ကြီးကျပ်၂၁၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ်၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၅၀၀၊ မုံရွာသစ်ရှယ် ကျပ်၂၂၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၁၀၀၊ မုံရွာလတ်သန့် ကျပ်၂၀၀၀နှင့် မုံရွာလတ်ချော ကျပ်၁၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၁၅ စီး (၆၉၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင်ကားစီးရေ ၁၁၀ စီး(၆၆၀,၀၀၀ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက်ကားစီးရေ ၅ စီး (၃၀,၀၀၀ပိဿာ) လျော့နည်းဝင် ရောက်ခဲ့ကြောင်းသိရသည်။   
ကြက်သွန်ဖြူ 
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ် ၁၂၀၀၀၊ အောင်ပန်းထူး-၂  ကျပ်၉၅၀၀၊ အောင်ပန်းထူး-၃ကျပ်၁၀၅၀၀၊ အောင်ပန်းထူး-၄ကျပ်၁၁၀၀၀နှင့် အောင်ပန်းထူး-၅ကျပ်၁၂၀၀၀အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်ကျပ် ၉၀၀၀၊ အောင်ပန်းထူး-၂  ကျပ်၅၀၀၊ အောင်ပန်းထူး-၃ကျပ်၅၀၀၊ အောင်ပန်းထူး-၄ကျပ်၅၀၀နှင့် အောင်ပန်းထူး-၅ကျပ်၅၀၀အသီးသီး ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်ကကုန်စည်ဒိုင်သို့ကြက်သွန်ဖြူအိတ် ၄၀၀၀(၁၂၀,၀၀၀ပိဿာ) ဝင်ရောက်ခဲ့ပြီးယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၄၈၀၀ (၁၄၄၀၀၀ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ်ရေ ၈၀၀ (၂၄,၀၀၀ ပိဿာ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။ 
အာလူး
ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တရုတ်မှ အာလူးများဝင်ရောက်လျက်ရှိရာ အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ တရုတ် A1 ကျပ် ၁၈၀၀ ၊ တရုတ်OK ကျပ် ၂၂၅၀ ၊ တရုတ် S1 ကျပ် ၂၂၅၀၊ တရုတ်S2 ကျပ် ၂၀၀၀ ဈေးနှုန်းအသီးသီးခဲ့ဖြစ်သည်။ တစ်ပတ်အတွင်းတရုတ် A1 ကျပ် ၂၀၀ ၊ တရုတ်OK ကျပ် ၂၅၀ ၊ တရုတ် S1 ကျပ် ၂၅၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။  ကုန်စည်ဒိုင်သို့ အာလူးဝင်ရောက်မှုမှာ ယခင်အပတ်ကကားအစီးရေ ၃၁ စီး(၁၈၆၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ  ၄၃ စီး(၂၅၈၀၀၀ ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် အာလူးကားစီးရေ ၁၂ စီး (၉၆၀၀၀ ပိဿာ)ပိုမိုဝင် ရောက်ခဲ့ကြောင်းသိရသည်။
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

 

Category: Local News