Local News

တစ်ပတ်အတွင်းဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းများ

Last Updated:

ကြက်သွန်နီ
ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြို့တို့မှကြက်သွန်နီများဝင်ရောက်လျက်ရှိရာ ၂၇-၅-၂၀၂၄ မှ ၃၀-၅-၂၀၂၄ အတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ်ကျပ်၂၂၀၀၊ ဆိပ်ဖြူလတ်ကြီးကျပ်၂၁၀၀၊ ဆိပ်ဖြူလတ်သန့်ကျပ်၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ်၁၅၀၀၊ မုံရွာသစ်ရှယ်ကျပ်၂၂၀၀၊ မုံရွာလတ်ကြီးကျပ်၂၁၀၀၊ မုံရွာလတ်သန့် ကျပ်၂၀၀၀ နှင့် မုံရွာ လတ်ချော ကျပ် ၁၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြက်သွန်နီများ ဈေးငြိမ်လျက် ရှိသည်။ တစ်ပတ်အတွင်း ကုန်စည်ဒိုင်သို့ ကြက်သွန်နီကားစီးရေ ၁၁၀စီး(၆၆၀၀၀၀ပိဿာ)ခန့်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ
ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၇-၅-၂၀၂၄မှ ၃၁-၅-၂၀၂၄ အတွင်း ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ (တစ်ပိဿာ)ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ်၁၂၀၀၀၊ အောင်ပန်းထူး-၂ ကျပ်၉၅၀၀၊ အောင်ပန်း ထူး-၃ ကျပ်၁၀၅၀၀၊ အောင်ပန်းထူး-၄ ကျပ်၁၁၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ်၁၁၅၀၀ အသီးသီး ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၉၀၀၀ အောင်ပန်းထူး-၂ ကျပ်၅၀၀၊ အောင် ပန်းထူး-၃ ကျပ်၅၀၀၊ အောင်ပန်းထူး-၄ ကျပ်၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ်၅၀၀ အသီးသီး ဈေး မြင့်တက်ခဲ့သည်။ တစ်ပတ်အတွင်း ကုန်စည်ဒိုင်သို့ကြက်သွန်ဖြူအိတ်ရေ  ၄၈၀၀ (၁၄၄၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ(ရန်ကုန်)

 

Category: Local News