Local News

မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း ပို့ကုန်တင်ပို့ နိုင်မှုမရှိခဲ့ပါ။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၁၈.၃) ဒေါ်လာနှုန်းဖြင့် (၁၃၅၀) တန် ၊ တန်ဖိုး (၁.၁၀၅) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန်လျှင် (၉၇၇) ဒေါ်လာနှုန်းဖြင့် (၈၀၀) တန် ၊ တန်ဖိုး (၀.၇၈၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၉၅၆.၈၃၉) တန်၊ တန်ဖိုး (၀.၅၂၃) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး(၂.၄၁၀)ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News