Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Last Updated:

 ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မေလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၇.၀၀၀) သန်းဖြစ်ပြီး (၂၇-၅-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၄.၃၀၅)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၈၄.၁၄၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၂၃.၅၅၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅၂) သန်းနှင့် သွင်းကုန် (၄၃၅.၆၁၃) တန်၊ (၁၂၉၀၈.၂၀၀) M2၊ (၂၄၇၀) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၄၇) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၀.၄၉၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၁၅၈.၀၆၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၄၆)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စု တွင် (၅.၂၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၀၆) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၆၀.၂၈၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၀၀) သန်း၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၅၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News