International News

တင်ပို့မှုများကိုမြှင့်တင်ရန် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ပီလောပီနံမဟာမိတ်အသင်းဖွဲ့

Last Updated:

ကမ္ဘောဒီးယားစိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံနှင့်ကမ္ဘာ့ဈေးကွက်သို့ တင်ပို့မှုမြှင့်တင်ရန် ကမ္ဘောဒီးယား-တရုတ် ပီလောပီနံမဟာမိတ်အသင်း(CCCAA)ကို ၂၀-၆-၂၀၂၄ နေ့ရက်က တရားဝင်တည်ထောင်ခဲ့ပါသည်။ အသင်း၏ဖွင့်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံစီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုအတွင်းရေးမှူး  Va Roth San နှင့် စိုက်ပျိုးရေးကဏ္ဍအသင်းမှ အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များက ဦးဆောင်ကျင်းပခဲ့ကြောင်းသိရပါသည်။ အသင်းတည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ကမ္ဘောဒီးယားပီလောပီနံနယ်ပယ်ကွင်းဆက် အရည်အသွေးမြင့်မားစွာဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်ဖြစ်ကြောင်းသိရပါသည်။

အသင်းသည် ပီလောပီနံနယ်ပယ်ရှိ တရုတ်နှင့်ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ချိတ်ဆက်ပေးမည့် တံတားတစ်ခုအဖြစ် တာဝန်ယူသွားမည်ဟုသိရပါသည်။ တရုတ်နိုင်ငံဘက်က ကမ္ဘောဒီးယားနိုင်ငံကို အခြားနိုင်ငံများနှင့်ယှဉ်ပြိုင်နိုင်စေရန် ကမ္ဘောဒီးယားလယ်သမားများအား စိုက်ပျိုးထွန်ယက်ခြင်းနှင့် ထုတ်လုပ်ခြင်းနည်းစနစ်များ ကူညီပေးသွားမည်ဟုသိရပါသည်။ Rath San ကအသင်းသည် ပိုမိုထုတ်လုပ်နိုင်မည့် မဟာဗျူဟာကိုပံ့ပိုးရန် နည်းပညာထောက်ပံ့မှုပံ့ပိုးသွားမည်ဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံဘက်မှထွက်ရှိသည့်ပမာဏ အရှိန်မြှင့်တင်ရန် နည်းပညာနှင့်စက်ရုံများပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နှင့်ကမ္ဘာ့ဈေးကွက်သို့တင်ပို့မှုမြှင့်တင်ရန် များစွာသောအဓိကရှယ်ယာများကြား နားလည်မှုသဝဏ်လွှာ (MOU) ရေးထိုးခဲ့ကြပြီး အဆိုပါ MOU သည် ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်ရေး အားထုတ်မှုသင်္ကေတဖြစ်ကြောင်းသိရပါသည်။ ရှယ်ယာရှင်များတွင် ကမ္ဘောဒီးယား-တရုတ် ပီလောပီနံမဟာမိတ်အသင်း(CCCAA)၊ ကမ္ဘောဒီးယားနိုင်ငံငြုပ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အဖွဲ့ချုပ် (CPSF)၊ ကမ္ဘောဒီးယားနိုင်ငံသီဟိုဠ်စေ့အသင်း (CAC) နှင့် Ningbo Welend Renewable Energy Co.,Ltd နှင့် အခြားသူများပါဝင်ကြောင်းသိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံသည်  ၁၄-၈-၂၀၂၀ ရက်နေ့က အစိုးရခွင့်ပြုထားသည့် ပီလောပီနံအမျိုးသားမူဝါဒ ၂၀၂၀-၂၀၂၅ ရှိကြောင်းသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံတန်ဖိုးရှိသည့် စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၅.၃ သန်းကို ပြည်ပဈေးကွက်များသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

Source: Khmertimes

Source: https://www.doca.gov.mm

Category: International News