Local News

ဧည့်မထဆန် (မနောသုခ)(ဟောင်း) ဈေးတက်၍ ဆန်ကွဲ၊ ဖွဲနု ဈေးများကျဆင်းလျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် စပါးဈေးကောင်း၍ တောင်သူများ အကျိုးအမြတ်ရှိပြီး ဆန် ဈေးကွက်အနေဖြင့် ကုန်ကြမ်း အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအား အနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျဖြစ်ပေါ်လျက် ရှိပါသည်။ ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၆.၉.၂၀၂၄) ရက်နေ့ တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ် အိတ် ၆၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၁၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝ ကျပ် တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၃.၁၀.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနော သုခ) (ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၆၀၀၀ဝ ကျပ်၊ ဆန် ကွဲ B (2,3,4) တစ်အိတ် ၅၅၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၂၀ဝကျပ်တို့ဖြင့် အရောင်းအ ဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် (၅၀၀၀)ကျပ် စျေးနှုန်းမြင့်တက်၍ ဆန်ကွဲ B (1,2) တစ်အိတ် ၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀ဝကျပ် စျေးကျကာ၊ ပေါ်ဆန်းမွှေးဆန်နှင့် ဧည့်မထ ဆန် (မနောသုခ)(သစ်) စျေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ) (ဟောင်း) ဈေး မြင့်တက်လာခြင်းမှာ အဝယ်လိုက်လာ၍ဖြစ်ပါကြောင်း ဆန်ကွဲ B (1,2) ၊ ဆန်ကွဲ B (2,3,4) ၊ဖွဲနု များ ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြားလျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News