Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလပထမပတ်အတွင်း ပဲမျိုးစုံ (၁) ပိဿာ ဈေးနှုန်းမှာ ပဲဖြူလေး ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၅၆၀၀ ကျပ်၊ ပဲပုတ် ၇၂၀၀ ကျပ်၊ ပဲလွန်းမဲ ၆၄၀၀ ကျပ်၊ ပဲတီစိမ်းရွှေဝါ ၄၂၀၀ ကျပ်၊ မတ်ပဲ ၆၀၀၀ ကျပ်၊ မြေပဲဆန် ၁၀၀၀၀ ကျပ်၊ ကိုင်းနှမ်း ၈၀၀၀ ကျပ်နှင့် စမုံနက် ၁၀၀၀၀ ကျပ် ဈေးနှုန်းအသီးသီးဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း) နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ)  တို့မှ သိရှိရပါသည်။ စက်တင်ဘာလ နောက်ဆုံးပတ် အတွင်း ပဲဖြူလေး ၁ ပိဿာ ၈၅၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၅၆၀၀ ကျပ်၊ ပဲပုတ် ၁ ပိဿာ ၇၂၀၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၆၀၀၀ ကျပ်၊ ပဲတီရွှေဝါ ၁ ပိဿာ ၄၂၀၀ ကျပ်၊ မတ်ပဲ ၁ ပိဿာ ၆၀၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၁၀၀၀၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၈၀၀၀ ကျပ်နှင့် စမုံနက် ၁ ပိဿာ ၁၀၀၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံဈေးနှုန်းများ ငြိမ်သက်နေပါကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News