ပခုက္ကူကုန်စည်ဒိုင်နှင့် ဆိပ်ဖြူကုန်စည်ဒိုင်တို့၌ ကြက်သွန်နီများ ပုံမှန်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ပခုက္ကူနှင့်ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ကြာရှည် အထားခံခြင်း၊ အရည်အသွေးကောင်းခြင်းတို့ကြောင့် ကုန်သည်များမှ ဝယ်ယူသိုလှောင်ထားလေ့ ရှိပါသည်။ ပခုက္ကူနှင့် ဆိပ်ဖြူဒေသအနီးတဝိုက် ကြက်သွန်စိုက်တောင်သူများမှာ ကုန်စည်ဒိုင်များ သို့ လာရောက်ရောင်းချကြသလို ပွဲစားများမှလည်း ကျေးရွာအရောက်ဆင်း၍ ဝယ်ယူလေ့ရှိကြ ပါသည်။ ကြက်သွန်နီစျေးနှုန်းများအနေဖြင့် ယခင်စက်တင်ဘာလတွင် ပခုက္ကူကြက်သွန်နီ တစ် ပိဿာ ၂၀၀၀ ကျပ်၊ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာ ၁၉၀၀ ကျပ်စျေးတို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခုအောက်တိုဘာလဆန်းတွင် ပခုက္ကူကြက်သွန်နီ တစ်ပိဿာ ၁၉၅၀ ကျပ်၊ ဆိပ်ဖြူ ကြက်သွန်နီတစ်ပိဿာ ၁၈၀၀ ကျပ်စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်အတွက် ယခင်လ နှင့် ယခုလ စျေးနှုန်းနှိုင်းယှဉ်ပါက ပခုက္ကူကြက်သွန်နီ တစ်ပိဿာ ကျပ်(၅၀)၊ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာ ကျပ်(၁၀၀)တို့ စျေးအနည်းငယ်သာကျဆင်းပြီး တစ်ရက် ပိဿာချိန် ၂၀၀၀၀ ဝင် ရောက်သကဲ့သို့ ပိဿာချိန်(၈၀၀၀၀) ဝင်ရောက်သည့်နေ့လည်းရှိကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး