အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံများထွက်ပေါ်ချိန် နှမ်းအရောင်စုံဝင်ရောက်၍ အ ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနက်(စမုံ)သည် အောင်လံဒေသမှ အများအပြားထွက်ရှိကာ သီးသန့် အရောင်းအဝယ်ဖြစ်သည့်နေရာလည်းဖြစ်ပါသည်။ နှမ်းဖြူနှင့်နှမ်းနီတို့မှာလည်း ဒေသ တွင်း ဆီစက်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် နှမ်းယိုလုပ်ငန်းရှင်များမှ အဝယ်ရှိနေတဲ့အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါသည်။ ယခင်လတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ ၃တင်းဝင်တစ်အိတ် ၆၃၀၀၀၀ ကျပ် ၊ နှမ်းဖြူ ၄၅ ပိဿာ ၃တင်းဝင်တစ်အိတ် ၃၄၀၀၀၀ ကျပ်၊ နှမ်းနီ ၄၅ပိဿာ ၃တင်းဝင်တစ်အိတ် ၃၄၀၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလကုန်တွင် နှမ်းနက် (စမုံ) ၄၅ပိဿာ ၃တင်း ဝင်တစ်အိတ် ၆၂၅၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ပိဿာ ၃တင်း ဝင်တစ်အိတ် ၃၄၀၀၀၀ ကျပ်၊ နှမ်းနီ ၄၅ ပိဿာ ၃တင်းဝင်တစ်အိတ် ၃၃၅၀၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အောက်တို ဘာလဆန်းပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိဿာ ၃တင်းဝင်တစ်အိတ် ၆၁၅၀၀၀ ကျပ်၊ နှမ်းဖြူ ၄၅ ပိဿာ ၃တင်းဝင် တစ်အိတ် ၃၃၅၀၀၀ ကျပ်၊ နှမ်းနီ ၄၅ပိဿာ ၃တင်းဝင်တစ်အိတ် ၃၃၅၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ယခင်လနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး