Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အောက်တိုဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံနှင့် အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC (2024 Crop) ကျပ် ၄၀၀၀၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၄၄၀၅၀၀၀ နှင့်  ပဲစင်းငုံ Red/ RC (2024 Crop) ကျပ် ၄၉၅၀၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC (2024 Crop) ကျပ် ၂၃၀၀၀၊ မတ်ပဲ SQ/RC (2024Crop) ကျပ် ၂၃၀၀၀နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကျပ် ၁၅၅၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC (2024 Crop) ကွန်တိန်နာ၃၀လုံး (တန်ချိန်၇၂၀)နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၁၀လုံး (တန်ချိန် ၂၄၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၆၀ လုံး (တန်ချိန်၁၄၄၀)နှင့် ပဲစင်းငုံ Red/RC (2024 Crop) ကွန်တိန်နာ ၅လုံး (တန်ချိန် ၁၂၀)  ဝင် ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၃၀ လုံး (တန်ချိန် ၇၂၀) ပိုမိုဝင်ရောက်ခဲ့ပြီး ပဲစင်းငုံ Red/RC (2024 Crop ) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။  

ငရုတ် 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၆၅၀၀၊ မြားနီ ကျပ် ၆၀၀၀ ၊ပန်းတနော်ရှည် ကျပ် ၅၅၀၀၊ ဆင်ဖြူကျွန်း(ပု) ကျပ် ၁၁၀၀၀ နှင့် မြစ်ဝပု ကျပ် ၁၀,၅၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီး များ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၇၀၀ (၁၄၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ )ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၁၂၅၀ ( ၂၅၀၀၀ ပိဿာ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ (၁၅၀၀ ပိဿာ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၅၅၀ (၁၁၀၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၃၆၀၀၊ မန်ကျည်းအသား (သစ်) ကျပ် ၇၀၀၀ နှင့် မန်ကျည်းသီး ရမည်းသင်း ဒါးဇင်း ကျပ် ၃၃၀၀ အသီးသီးဈေး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း  မန်ကျည်းသီးများ ဈေးငြိမ်လျက်ရှိ သည်။ 

ထန်းလျက်၊ ကြံသကာနှင့် သကြား 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့်သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာ မလိုင်(ဒုံး) ကျပ် ၆၁၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၆၆၀၀၊ ပခုက္ကူကြမ်း ကျပ် ၆၂၀၀၊ ရေစကြို ထန်းလျက်(ချော) ကျပ် ၆၈၀၀၊ ကြံသကာ ကျပ် ၃၁၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၅၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။

ကြက်သွန်နီ

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့်မုံရွာမြို့တို့မှ ကြက်သွန်နီများ နေ့စဉ် ဝင်ရောက် လျက်ရှိရာ  ကြက်သွန်နီ (တစ်ပိဿာ) ဈေးနှုန်းများမှာ ဆိပ်ဖြူရှယ် ကျပ် ၂၇၀၀ ၊ ဆိပ်ဖြူလတ် ကြီး ကျပ် ၂၄၀၀၊ ဆိပ်ဖြူလတ်သန့် ကျပ် ၂၀၀၀၊ ဆိပ်ဖြူလတ်ချော ကျပ် ၁၄၀၀၊ မုံရွာသစ်ရှယ် ကျပ် ၂၈၀၀၊ မုံရွာလတ်ကြီး ကျပ် ၂၄၀၀၊ မုံရွာလတ်သန့် ကျပ် ၂၁၀၀ နှင့် မုံရွာ လတ်ချော ကျပ် ၁၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူရှယ် ကျပ် ၁၀၀ ၊ ၊မုံရွာသစ်ရှယ် ကျပ် ၂၀၀၊ မုံရွာလတ်သန့် ကျပ် ၁၀၀ နှင့် မုံရွာလတ်ချော ကျပ် ၂၀၀ အသီးသီးဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင် အပတ်က ကားစီးရေ ၁၁၀ စီး (၆၆၀၀၀၀ ပိဿာ)ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကားစီးရေ ၁၀၁စီး(၆၀၆၀၀၀ပိဿာ)ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကားစီးရေ ၉စီး (၅၄၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိရ သည်။   

ကြက်သွန်ဖြူ 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့်အောင်ပန်းမြိုတို့မှ ကြက်သွန်ဖြူများ  နေ့စဉ် ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ (တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ် ကျပ် ၁၈၅၀၀၊ အောင်ပန်းထူး-၂  ကျပ် ၁၀၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၁၁၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၂၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၁၃၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ် ကျပ် ၁၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၅၀၀ နှင့် အောင်ပန်းထူး-၅ ကျပ် ၅၀၀ အသီးစီးဈေးကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ယခင်အ ပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူ အိတ် ၁၇၀၀ (၅၁၀၀၀ ပိဿာ) ဝင်ရောက် ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၂၃၀၀ (၆၉၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက်  ကြက်သွန်ဖြူ အိတ်  ၆၀၀ (၁၈၀၀၀ ပိဿာ ) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရ သည်။ 

အာလူး

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောင်ပန်းမြို့နှင့် တရုတ်မှ အာလူးများ နေ့စဉ် ဝင်ရောက်လျက် ရှိရာ အာလူး (တစ်ပိဿာ) ဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၄၀၀၀၊ အောင်ပန်း OK ကျပ် ၅၀၀၀၊ အောင်ပန်း S1 ကျပ် ၅၅၀၀ နှင့် တရုတ်အာလူး ကျပ် ၆၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း အောင်ပန်း OK ကျပ် ၅၀၀ နှင့် တရုတ်အာလူး ကျပ် ၁၀၀၀ အသီးသီး ဈေး ကျဆင်းခဲ့ပြီး ကျန်အမျိုးအစားများမှာ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၁၇၀၀ (၅၁၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။ 

Source: ပြည်တွင်းကုန်သွယ်မှုဌာနခွဲ (ရန်ကုန်)

Category: Local News