Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်း ဖြစ်သည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂.၃၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၀.၁၁၈) ဒေါ်လာသန်း၊ စုစုပေါင်း (၂.၅၀၄) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂.၈၃၆ %) ဆောင်ရွက်နိုင်ခဲ့သည်။

ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော (၆၈၂၅) တန်၊ တန်ဖိုး (၂.၃၇၂) ဒေါ်လာသန်း၊ ဖရဲသီး (၇၅) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းနှင့် ရွှေဖရုံသီး (၂၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက်၊ မြက်ခင်းတု၊ ပန်းသီး၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၅) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်းတန်ချိန် (၆၉) တန်၊ တန်ဖိုး (၀.၄၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့သည်။

Source: DOT (ကံပိုင်တည်)

Source: https://commerce.gov.mm

Category: Local News