Local News

ပဲစင်းငုံဈေး ဆက်လက်မြင့်တက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပဲစင်းငုံစိုက်ဧက (၄.၆)သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ကန့်ဘလူခရိုင် စိုက်ဧက(၁.၂)သိန်းကျော်၊ မုံရွာခရိုင် စိုက်ဧက (၉.၂) သောင်းကျော်နှင့် ယင်းမာပင်ခရိုင် စိုက်ဧက(၉.၁)သောင်းကျော် အများဆုံးစိုက်ပျိုးနိုင်ခဲ့သည်။ ကလေးခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ စစ်ကိုင်းခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်တို့တွင်လည်း စိုက်ပျိုးနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဇန်နဝါရီလနောက်ဆုံးပတ်အထိ  ပဲစင်းငုံဧကပေါင်း (၃.၅) သိန်းခန့် ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။

ပြည်ပဝယ်လိုအားရှိသော ပဲစင်းငုံသည် ဇန်နဝါရီလနောက်ဆုံပတ်တွင် မုံရွာကုန်စည်ဒိုင်တွင် (၂၀) ပိဿာ တစ်တင်းလျှင် (၁၂၀၇၀၀) ကျပ်ထိရှိလာပြီး၊ ယခင်လနှင့်နှိုင်းယှဉ်ပါက (၁၈၅၀၀)ကျပ်၊ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျပ်(၆)သောင်းကျော် မြင့်တက်ကာ တောင်သူများ အကျိုးအမြတ်များစွာ ရရှိကြောင်းသိရသည်။ လှောင်လက်များ၊ ပွဲစားများ ကျေးရွာများအထိအဝယ်လိုက်နေသော ပဲစင်းငုံသည် မုံရွာကုန် စည်ဒိုင်၌ တစ်ပတ်လျှင် အိတ်ပေါင်း (၅)သောင်းခန့် အရောင်းအဝယ်ဖြစ်ကြောင်း  ကုန်စည်ဒိုင်မှ သိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News