Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် နှမ်းမျိုးစုံဈေးကွက် ဈေးမြင့်လာ

Last Updated:

ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် နှမ်းဝင်ရောက်မှုနည်းသော်လည်း တရုတ်ဝယ်လက်မှ အဝယ်သွက်လာသောကြောင့် နှမ်းမျိုးစုံ ဈေးကောင်းရနေပြီး  ဈေးမြင့်လာသည်။ နှမ်း အမျိုးအစားအလိုက် နှင့် အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် အနိမ့်ဆုံး ကျပ် ၁၀၀၀၀ မှ အမြင့်ဆုံး ၇၀၀၀၀ ထိ မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

နှမ်းနက်(စမုံ) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၃၆၅၀၀၀ မှ ၄၃၀၀၀၀ ယခင်တစ်ပတ်ကျပ် ၃၅၀၀၀၀ မှ ၃၉၅၀၀၀၊ ယခင်လကျပ်  ၃၁၀၀၀၀ မှ ၃၆၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၃၅၀၀၀၊ ယခင်လထက် ၅၅၀၀၀ မှ ၇၀၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၆၀၀၀၀ မှ ၄၀၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၄၅၀၀၀ မှ ၃၇၀၀၀၀၊ ယခင်လကျပ် ၃၂၀၀၀၀ မှ ၃၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀ မှ ၃၅၀၀၀ ၊ ယခင်လထက်ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၄၁၀၀၀၀ မှ ၄၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၅၀၀၀ မှ ၄၀၀၀၀၀၊ ယခင်လကျပ် ၃၆၅၀၀၀ မှ ၃၇၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ယခင်လထက်ကျပ် ၄၅၀၀၀ မှ ၅၀၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၃၁၇၀၀၀ မှ ၃၂၀၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ၊ ယခင်လကျပ် ၂၇၀၀၀၀ မှ ၂၇၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀ မှ ၁၂၀၀၀ ၊ ယခင်လထက်ကျပ်  ၄၅၀၀၀ မှ ၄၇၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News