တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားအလုပ်အကိုင် သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲ့တို့သည် ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း အလုပ်အကိုင်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ နိုင်ငံ၏ထိပ်တန်းကုမ္ပဏီ (၅၀၀) မှ အရောင်းဌာနမန်နေဂျာများ အပေါ်စစ်တမ်းကောက်ယူထားသည့် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ကြောင်း The Nation သတင်းဌာနက ဖော်ပြထားပါသည်။
စစ်တမ်းဖြေကြားခဲ့သူ ၆၅.၄ % အနက် ၄၂.၄ % က အလုပ်လျှောက်ထားသူသည် ဉာဏ်ရည်တုနည်းပညာ ( Artificial Intelligence - AI )အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းကိုရေးသားပါက အဆင့်ချအကဲဖြတ်ပြီး ၂၃.၂ % က လျှောက်လွှာကို ချက်ချင်းပယ်ချကြောင်း၊ စစ်တမ်းဖြေကြားခဲ့သူ ၆၄.၁ % က AI အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းရေးသားမှုအပေါ် မကောင်းရှုမြင်ပြီး “တီထွင်နိုင်မှုနှင့် ဖန်တီးနိုင်စွမ်းကိုလျော့နည်းစေသည် ” ဟု ရှုမြင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
AI အသုံးပြု၍ ကိုယ်ရေးမှတ်တမ်းရေးသားမှုကို ကုမ္ပဏီများက အကောင်းမမြင်သော်လည်း AI အသုံးပြု ကိုယ်ရေးမှတ်တမ်းရေးသားမှု ရှိ/မရှိကို ကုမ္ပဏီများ၏ ၇၃ % ခန့်က စစ်ဆေးခြင်းမရှိကြောင်း၊ ၁၈.၇ % က ပြင်ပအေဂျင်စီများ ဌားရမ်း၍ စိစစ်ပြီး ၈.၃ % က ကိုယ်တိုင် စနစ်တကျစိစစ်ကြောင်း ဖော်ပြထားပါသည်။
Source: https://www.nationthailand.com/world/asia-pacific/40036688
Source: https://commerce.gov.mm