International News

ဗီယက်နမ်နိုင်ငံ၏ ပုစွန်တင်ပို့မှု ကမ္ဘာစျေးကွက်တွင် အားကောင်းလာ

Last Updated:

၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် ပုစွန်တင်ပို့မှုအားနည်းချက်ကို ဖော်ထုတ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၏ ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံပုစွန်လုပ်ငန်းသည် အဓိကစျေးကွက်များသို့ တင်ပို့မှုတိုးတက်လာခဲ့သည်။ ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ပုစွန်တင်ပို့မှုသည် ဇန်နဝါရီလမှ မတ်လအတွင်း အမေရိကန်‌‌ဒေါ်လာသန်း ၆၂၀ခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၄ % မြင့်လာခဲ့သည်။ အမရိကန်နိုင်ငံနှင့် တရုတ်စျေးကွက်များသို့ တင်ပို့‌ရောင်းချမှုမှ ဝင်ငွေသည် ၂၆%နှင့် ၁၄၀% အသီးသီးတိုးတက်လာမည်ဟုခန့်မှန်းထားသည်။

တရုတ်စျေးကွက်နှင့်ပတ်သက်၍ ဗီယက်နမ်ပင်လယ်စာတင်ပို့ရောင်းချသူများအသင်း (VASP) မှ Kim Thu ကတရုတ်နိုင်ငံသည် ၄င်းတို့ထံသို့ တင်သွင်းမှုအများဆုံးဖြစ်သော အီကွေ‌‌‌‌ဒေါနိုင်ငံမှ ပုစွန်တင်သွင်းမှုကို လျှော့ချခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ပုစွန်တင်သွင်းမှုကို တိုးမြှင့်ခဲ့ကြောင်းပြောကြားခဲ့သည်။ အဆိုပါစျေးကွက်တွင် ဗီယက်နမ်နိုင်ငံသည် ပြိုင်ဘက်ရောင်းချသူများ ဖြစ်‌‌သော အီကွေဒေါ၊ အိန္ဒိယတို့နှင့် စျေးနှုန်းချင်းယှဥ်ပြိုင်ရသော်လည်း တရုတ်ဝယ်လက်အများအပြားက ဗီယက်နမ်ပုစွန်များကိုသာ အရည်အသွေးမြင့်သည်ဟုယူဆထားသည်။

ပုစွန်လုပ်ငန်းကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံအနေဖြင့်လည်း စျေးကွက်အတွင်း ပင်လယ်စာရောင်းချမှုမှာ ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများသုံးစွဲမှုတင်းကြပ်ခြင်းကြောင့် ၂၀၂၃ ခုနှစ်တွင် အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရပြီး ၂၀၂၄ ခုနှစ်တွင် တည်ငြိမ်မည်ဟုခန့်မှန်းထားကြောင်းသိရသည်။ အိန္ဒိယ၊ အီကွေ‌‌ဒေါ၊ တရုတ်နှင့် အမေရိကန်တို့၏ အဓိကပုစွန်ရောင်းချသူတချို့နှင့်နှိုင်းယှဉ်ပါက အထူးသဖြင့် ဗီယက်နမ်နိုင်ငံနှင့် အမေရိကန်နိုင်ငံကြား သံတမန်ဆက်ဆံရေးကောင်းမွန်လာချိန်တွင် ဗီယက်နမ်နိုင်ငံသည် ပိုမိုအလားအလာကောင်းသည်ဟုယူဆပါသည်။

VASEP ၏ကိုယ်စားလှယ်တစ်ဦး၏ အဆိုအရ တန်ဖိုးထပ်တိုးပြုပြင်ထားသော ပုစွန်ကုန်သည်များသည် နှစ်စဥ် ပုစွန်တင်ပို့မှုစုစုပေါင်းတန်ဖိုး၏ (၄၀-၄၅) ရာခိုင်နှုန်းအထိရှိသည်။ ဗီယက်နမ်ပုစွန်လုပ်ငန်း၏ စီမံဆောင်ရွက်မှုအဆင့်သည် ကမ္ဘာပေါ်တွင် မြင့်မားသောအဆင့်တွင်ရှိပြီး ယင်းသည် ဂျပန်စျေးကွက်ရှိ ဗီယက်နမ်ပုစွန်များ၏ ယှဉ်ပြိုင်မှုအားသာချက်တစ်ခုဖြစ်သည်ဟုဆိုသည်။ သို့သော်လည်း အခြားနိုင်ငံများမှာ ပြိုင်ဆိုင်မှုပြင်းထန်နေဆဲဖြစ်သောကြောင့် ယင်းကဏ္ဍကို ဆက်လက်ကြိုးပမ်းရန် အကြံပြုထားသည်။

VASEP ဥက္ကဋ္ဌဟောင်း Ho Quoc Luc ၏အဆိုအရ ဗီယက်နမ်ပုစွန်ထွက်ကုန်များသည် အရည်အသွေးကောင်းမွန်သော်လည်း စျေးနှုန်းများမှာ မြင့်မားနေသေးလျက်ရှိသည်။ ထို့ကြောင့် သက်ဆိုင်ရာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးထိန်းသိမ်းရန်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များလျှော့ချရန် အကြုံပြုထားကြောင်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: International News