International News

AI နည်းပညာဖြင့် HYBRID ပုံစံထုတ်လုပ်ထားသည့် ရေခဲသေတ္တာအား ဆမ်ဆောင်းမှ မိတ်ဆက်ခဲ့

Last Updated:

ပုံမှန်ကွန်ပရက်ဆာနည်းပညာဖြင့် အအေးပေးစနစ်အပြင် ဉာဏ်ရည်တုနှင့် semiconductor နည်းပညာကို အသုံးပြုထုတ်လုပ်လိုက်သည့် ပထမဆုံးရေခဲသေတ္တာကို Samsung Electronics မှ ကြာသပတေးနေ့က မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအတွက် လျှပ်စစ်ဓါတ်အားခ ၃၀ % သက်သာစေကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

၂၄ နာရီပတ်လုံး မီးအားသုံးရသော ရေခဲသေတ္တာများကြောင့် လျှပ်စစ်ကုန်ကျစရိတ်လျှော့ချရန်မှာ သုံးစွဲသူများ၏ အဓိကလိုအပ်ချက်ဖြစ်လာရာ Hybrid ရေခဲသေတ္တာအမျိုးအစားသစ်ကို တီထွင်လိုက်ခြင်းဖြစ်ကြောင်း၊ ဆမ်ဆောင်း၏ တီထွင်မှုနည်းပညာနှင့် စားသုံးသူများ၏ နေ့စဉ်ဘဝအဆင်ပြေစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေခဲသေတ္တာငယ်များနှင့် ရေသန့်စင်စက်များတွင် အသုံးများသော Peltier ဒြပ်စင်ကို အသုံးပြုထားသဖြင့် တစ်ဖက်မှ အပူကိုစုပ်ယူကာ တစ်ဖက်တွင် အပူထုတ်လွှတ်စေကြောင်း Samsung က ပြောကြားခဲ့သည်။

AI နည်းပညာသုံး ကွန်ပရက်ဆာသည် ပုံမှန်အခြေအနေတွင် စွမ်းအင်သုံးစွဲမှုကို တည်ငြိမ်ရန် ထိန်းသိမ်းပေးသော်လည်း ပူပြင်းသောနွေရာသီတွင် ရေခဲစားသုံးမှုများပြားချိန် သို့မဟုတ် အစားအစာအသစ် အများအပြားထည့်သည့်အချိန်တို့တွင် စွမ်းအင်တိုးမြင့် လိုအပ်လာသောကြောင့် Peltier ဒြပ်စင်က လျင်မြန်စွာ အေးစေနိုင်ကြောင်း၊ ယခု AI အခြေခံစွမ်းအင်ပုံစံကို Internet of Things (IoT) ပလပ်ဖောင်း SmartThings မှတဆင့် အသုံးပြုနိုင်ပြီး ရေခဲသေတ္တာတွင်ထည့်သွင်းထားသော AI algorithm က တံခါးဖွင့်/ပိတ်ရုံဖြင့် လျှပ်စစ်စွမ်းအင် မည်မျှလိုအပ်နေကြောင်း သတ်မှတ်နိုင်သည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Source: https://www.koreatimes.

Source: ကုန်သွယ်ရေးဦးစီးဌာန၊ WTO ဌာနခွဲ

Source: https://commerce.gov.mm

Category: International News