Local News

ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနု ဈေးများမြင့်တက်၍ ဧည့်မထဆန် (သစ်)နှင့် ဆန်ကွဲ B (1,2)ဈေးကျဆင်း

Last Updated:

ပဲခူးကုန်စည်ဒိုင်တွင် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၈.၆.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၂၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၁၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၅၉၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၅.၇.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၂၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါ သည်။ 
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၅၀၀ဝကျပ်၊ ဖွဲနုတစ်အိတ် ၃၀ဝကျပ် ဈေးမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၂၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၁၀၀ဝကျပ် ကျဆင်းခဲ့ပါသည်။ ဆန်ကွဲ B (2,3,4)ဈေးများအနေဖြင့် ဈေးတည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထ ဆန် (မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန် နှင့်ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ ဝယ်လိုအား ကောင်းလာ၍ အဝယ်လိုက်လာခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနော သုခ) (သစ်)နှင့် ဆန်ကွဲ B (1,2)ဈေး ကျဆင်းသွားခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေး ကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
 

Category: Local News