Local News

ဘားအံမြို့အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ကရင်ပြည်နယ်တွင် ၂၀၂၄ ဇူလိုင်လပထမပတ်အတွင်း ပဲမျိုးစုံ(၁) ပိဿာဈေးနှုန်းများမှာ ပဲဖြူလေး ၈၀၀၀ကျပ်၊ ပဲလွန်းဖြူ ၄၇၀၀ ကျပ်၊ ပဲပုတ် ၅၀၀၀ ကျပ်၊ ပဲလွန်းမဲ ၅၁၀၀ ကျပ်၊ ပဲတီ စိမ်းရွှေဝါ ၃၈၀၀ ကျပ်၊ မတ်ပဲ ၅၂၀၀ ကျပ်၊ ပဲနောက် ၅၈၀၀ ကျပ်၊ မြေပဲဆန် ၇၃၀၀ ကျပ်၊ ကိုင်းနှမ်း ၆၅၀၀ ကျပ်နှင့် တောင်ယာနှမ်း ၉၈၀၀ ကျပ် ဈေးနှုန်း အသီးသီး ဖြစ်ပေါ်နေကြောင်း ဘားအံမြို့၊ မြို့မဈေးရှိစမ်းသီတာ (ပဲရောင်းဝယ်ရေး လုပ်ငန်း) နှင့် ကမ်းနားလမ်းရှိ (ရွှေကံထူးပွဲရုံ) တို့မှ သိရှိ ရပါသည်။ ဇွန်လနောက်ဆုံးပတ်အတွင်း ပဲဖြူလေး ၁ ပိဿာ ၈၀၀၀ ကျပ်၊ ပဲလွန်းဖြူ ၁ ပိဿာ ၄၄၀၀ ကျပ်၊ ပဲပုတ် ၁ ပိဿာ ၄၈၀၀ ကျပ်၊ ပဲလွန်းမဲ ၁ ပိဿာ ၅၀၅၀ ကျပ်၊ ပဲတီရွှေဝါ ၁ ပိဿာ ၃၈၀၀ ကျပ်၊ မတ်ပဲ ၁ ပိဿာ ၅၂၀၀ ကျပ်၊ ပဲနောက် ၁ ပိဿာ ၅၄၀၀ ကျပ်၊ မြေပဲဆန် ၁ ပိဿာ ၇၂၅၀ ကျပ်၊ ကိုင်းနှမ်း ၁ ပိဿာ ၆၅၀၀ ကျပ်နှင့် တောင်ယာနှမ်း ၁ ပိဿာ ၉၆၀၀ ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသဖြင့် ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ပဲမျိုးစုံဈေးနှုန်းများမှာ အနည်းငယ် မြင့်တက်ခဲ့ကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရှိရပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News